အလုပ်ဝင်ပြီး ၄ရက်အကြာမှာ ကောင်တာထဲက ပိုက်ဆံတွေအကုန်လုံးကိုခိုးသွားတဲ့ အမျိုးသမီး

အင်တာတိန့်မန့် တစ်ခုရဲ့ အမျိုးသမီးစာရင်းကိုင် အဖြစ်ဝင်ရောက်လာတဲ့ ၀န်ထမ်းအသစ်ဟာ အလုပ်ဝင်ပြီးလေးရက် အကြာမှာ ကောင်တာထဲက ငွေတွေအကုန်လုံးကို ယူပြီးထွက်ပြေးသွားခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်ရပ်ကတော့ မေလ (ယခုလ) ၁၀ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ ဖြစ်ပွားချိန်ကတော့ ညနေ ၃နာရီ ဘဲဖြစ်ပါ တယ်။အခင်းဖြစ်ရာနေရာကတော့ Woodlands မှာရှိတဲ့ ဆိုင်တစ်ဆိုင်မှာ ဘဲဖြစ်ပါတယ်။ ခိုးယူထွက်ပြေးသွားတဲ့ အမျိုးသမီးရဲ့ အသက်က ၂၃နှစ်ဖြစ်ပြီးတော့ သူမယူဆောင်သွားတဲ့ ပမာဏကတော့ ဒေါ်လာ ၆၀၀ ၀န်းကျင်လို့သိရ ပါတယ်။

သူမအခုလိုမျိုး ထွက်ပြေးလွတ်မြောက်နိုင်အောင် တစ်ယောက်ထဲပြုလုပ်ခဲ့တာမဟုတ်ဘဲ ကြံရာပါနောက်ထပ် တစ်ယောက် ကတော့ သူမရဲ့ ချစ်သူဘဲဖြစ်ပါတယ်။

ဖြစ်စဉ်တစ်ခုလုံးကိုတော့ ဆိုင်ရဲ့ CCTV မှတ်တမ်းကနေ အကုန်ပြန်လည်မြင်တွေ့နိုင်မှာဘဲဖြစ်ပါတယ်။ မှတ်တမ်းထဲ မှာတော့ သူမဟာ အိတ်ထဲကို ပိုက်ဆံတွေအကုန်ထည့်နေတာကိုတွေ့ရမှာဖြစ်ပြီးတော့ သူမရဲ့ ချစ်သူကောင်လေး ဆီကို သွားဖို့ပြုလုပ်နေတာကို အရင်ဦးဆုံး မြင်တွေ့ရမှာပါ။

ဆိုင်ရှင်ရဲ့ ပြောပြချက်အရတော့ သူမဆိုင်ကို နှစ်ရက်မြောက်နေ့အဖြစ် အလုပ်ဝင်ရောက်တုန်းက ဒေါ်လာ ၁၆ကျပ်၊ သုံးယောက်မြောက်နေ့မှာ ဒေါ်လာ ၂၄ကျပ်နှင့် လေးရက်မြောက်နေ့မှာတော့ အကုန်လုံးကို ခိုးယူသွားခဲ့ တာဖြစ်ကြောင်း သိရပါတယ်။

လက်တလောမှာတော့ တရားခံတွေကော ပိုက်ဆံတွေကော ရှာလို့မတွေ့သေးဘဲနှင့် ရဲများက ဆက်လက်စုံစမ်းနေ တယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*