ကြွက်နှစ်ကောင်ရန်ဖြစ်နေတာကို ဒီအတိုင်းသားဝင်မရှုပ်ပဲ ရပ်ကြည့်နေခဲ့တဲ့ ကြောင်ကလေး (ရုပ်သံ)

“ကိုယ့်နဲ့မဆိုင်တဲ့ကိစ္စဆို ဝင်မပါနဲ့ ” ဆိုတဲ့စကားက ဒီကြောင်ကလေးနဲ့အတော်လိုက်ဖက်လွန်းလှပါတယ် ။ ဖြစ်စဉ်ကတော့ စင်ကာပူနိုင်ငံကအမျိုးသမီးတစ်ယောက်ဟာ မမျှော်လင့်ထားတဲ့အဖြစ်အပျက်မြင်ကွင်းကြောင့် ငြိမ်သက်နေခဲ့ရပါတယ် ။ အဲတာကတော့ ကြွက်နှစ်ကောင်ရန်ဖြစ်နေတာကို ကြောင်ကလေးတစ်ကောင်က အေးခဲနေသလိုမလှုပ်မရပ်နဲ့ ရပ်ကြည့်နေခဲ့လိုပါပဲ ။

Cheeze Goh အမည်ရှိတဲ့ အမျိုးသမီးဟာ ည 10နာရီအချိန်ခန့်မှာ လမ်းလျှောက်နေရင်းနဲ့ ကြွက်နှစ်ကောင်ရန်ဖြစ်နေတာကိုတွေ့ရှိခဲ့တာပါ ။ ထိုအချိန်မှာတော့ သူမဟာဖုန်းထုတ်ပြီး အပြင်းအထန်ရန်ဖြစ်နေတဲ့ကြွက်နှစ်ကောင်ကို video ရိုက်ယူထားခဲ့ပါတယ် ။

ထိုအချိန်မှာပဲ ကြောင်ကလေးတစ်ကောင်ရောက်ရှိလာပြီး မျက်စိရှေ့မှာရန်ဖြစ်နေတဲ့ကြွက်နှစ်ကောင်ရဲ့အဖြစ်ကို ဝင်မရှုပ်ပဲ တိတ်ဆိတ်စွာရပ်ကြည့်နေခဲ့တာပါ ။ နောက်ဆုံး ရန်ဖြစ်ပြီးတာနဲ့ ကြွက်ကလေးနှစ်ကောင်ဟာ ကိုယ့်လမ်းကိုယ်ပြန်လှည့်ထွက်သွားခဲ့ပါတယ် ။

အဆိုပါအဖြစ်အပျက်ကို သူမဟာ social media ပေါ်မှာဝေမျှခဲ့ပြီး ” ကြောင်လေးတွေရန်ဖြစ်တာတော့ တွေ့ဖူးနေကျပါ ၊ ဒါပေမဲ့ ကြွက်ရန်ဖြစ်တာ မတွေ့ဖူးဘူး ၊ ရန်ဖြစ်နေတဲ့ကြားထဲ ကြောင်းကလေးက လုံးဝဝင်မရှုပ်ဘူးတဲ့ ၊ တော်လိုက်တဲ့ ကြောင်လေး ” ဆိုပြီးတော့လည်း ရေးသားခဲ့ပါသေးတယ် ။ အဆိုပါ video ဟာ online ပေါ်မှာ အတော်လေးရေပန်းစားခဲ့ပြီး ၊ လူအတော်အများက comment မှာ ထင်မြင်ချက် ၊ သုံးသပ်ချက် များစွာရေးသားခဲ့ကြပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*