တောရွာမှာရှိတဲ့အမျိုးသမီးတွေကို မိတ်ကပ်တွေနဲ့ပုံစံပြောင်းပေးခဲ့လို့ online ပေါ်မှာနာမည်ကြီးနေတဲ့ မိန်းကလေး

တရုတ်နိုင်ငံ ၊ Yongzhou မြို့မှာနေထိုင်တဲ့ Zhou Wenjuan အမည်ရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ တောရွာမှာနေထိုင်တဲ့အသက် 40 ဝန်းကျင် သက်လတ်ပိုင်းအမျိုးသမီးတွေကို မိတ်ကပ်လိမ်းပေးပြီး ရုပ်ရည်ပြောင်းလဲပေးခဲ့လို့ social media ပေါ်မှာ အတော်လေးကိုနာမည်ကြီးနေလျက်ရှိပါတယ် ။

သူမဟာလွန်ခဲ့တဲ့နှစ်အနည်းငယ်က Beijing မြို့မှာ မိတ်ကပ်သင်တန်းသွားရောက်သင်ကြားခဲ့ပြီးနောက် နေရပ်သို့ပြန်လာပြီးကိုယ်ပိုင်ဆိုင်လေးဖွင့်ခဲ့တာပါ ။ သို့ပေမဲ့လည်း သူမတို့ရွာမှာနေထိုင်တဲ့ အသက် 40 ဝန်းကျင်အမျိုးသမီးတွေဟာ အလှအပတွေ ၊ မိတ်ကပ်တွေအပေါ် စိတ်ဝင်စားမှုလုံးဝမရှိမှန်း သူမသိရှိခဲ့ရပါတယ် ။

ပြီးခဲ့တဲ့ Covid-19 ရောဂါကာလအတွင်းနေအိမ်အတွင်းမှာသာနေထိုင်ခဲ့ရတဲ့အတွက် သူမဟာအချိန်အတော်ကြာအားလပ်ရက်ရနေခဲ့လို့ သူမရဲ့အဘွားဖြစ်သူကို မိတ်ကပ်များလိမ်းကျံပေးပြီး ပြု ပြင်ပြောင်းလဲပေးခဲ့ပါတယ် ။ မကြာခင်မှာပဲ သူမအဘွားရဲ့ပြောင်းလဲလိုက်တဲ့ရုပ်ရည်သွင်ပြင်ဟာ မြို့ငယ်လေးတစ်ခုလုံးမှာ ဟိုလေတစ်ကျော်ကျော်ဖြစ်ခဲ့ပြီး အမျိုးသမီးအတော်များများဟာ မိတ်ကပ်လိမ်းကျံခြင်းကိုစိတ်ဝင်စားလာခဲ့ကြပါတော့တယ် ။

သို့ပေမဲ့လည်း Zhou က သက်လတ်ပိုင်းအရွယ်အမျိုးသမီးတွေကို အခမဲ့ မိတ်ကပ်လိမ်းပေးဖို့ စိတ်ဆုံးဖြတ်ချထားပြီးသားပါ ။ ” သက်လတ်ပိုင်းအရွယ်မိန်းကလေးအတော်များများက အိမ်မှုကိစ္စတွေနဲ့လုံးပမ်းနေရတဲ့အတွက် ကိုယ့်ကိုဂရုစိုက်ဖို့အချိန်မပေးနိုင်ကြပါဘူး ၊ ကြိုးစားအားထုတ်မှုကြောင့် သူတို့ရုပ်ရည်ပြောင်းလဲမှုပေါ်အတော်လေးဝမ်းသာစွာလက်ခံနေရင်တောင် ကျေနပ်ပါပြီ ” ဆိုပြီး Zhou ကပြောပြသွားခဲ့ပါတယ် ။

သို့ပေမဲ့လည်း အဆိုပါအမျိုးသမီးတွေအတွက် skincare ကို Zhou ကပိုပြီးအလေးထားပြုလုပ်ပေးခဲ့ပါတယ် ။ ” မိတ်ကပ်ဘာသာရပ်က တခြားဟာနဲ့မတူဘူး ၊ ကျွန်မလေ့လာခဲ့ဖူးတဲ့ထဲမှာ အဓိပ္ပါယ်အရှိဆုံးပဲ ၊ ကျွန်မသူတို့ကို မိတ်ကပ်လိမ်းပေးလိုက်တော့ ၊ သူတို့ဘဝမှာ တစ်ခါးမှဒီလိုမလှဖူးဘူးလို့ သူတို့ပြန်ပြောခဲ့ကြတယ် ” ဆိုပြီး Zhou က ရှင်းပြခဲ့ပါတယ် ။ သို့ပေမဲ့လည်း အခြားသောသူမရဲ့ဖောက်သည်ထံတွေဆီမှ အခကြေးငွေယူပြီး သူမရဲ့စီးပွားရေးကိုဆက်ပြီးလည်ပတ်နေလျက်ရှိပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*