ကိုယ်အလေးချိန်တက်လာတဲ့ဝန်ထမ်းတွေကို ညစာမပေးစားတဲ့အပြင် ၊ ဒဏ်ကြေးငွေပါ ဆောင်ခိုင်းတဲ့ Fashionဆိုင်ကြီး

စင်ကာပူနိုင်ငံမှာရှိတဲ့ Southhaven အမည်ရှိတဲ့ fashion စတိုးဆိုင်ဟာ ကိုယ်အလေးချိန်တက်လာတဲ့ဝန်ထမ်းတွေကို ပြင်းထန်စွာအပြစ်ပေးတယ်ဆိုပြီး ဝေဖန်ပြစ်တင်ခံနေရပါတယ် ။ အဆိုပါကုမ္ပဏီမှာ အလုပ်ဝင်ခဲ့တဲ့ ဝန်ထမ်းတစ်ဦးက အပြစ်ပေးတဲ့ပုံစံတွေကို online ပေါ်မှာဝေမျှခဲ့တာပါ ။

အရောင်း target မပြည့်မီတိုင်း ဖားခုန် ခုန်ခိုင်းခဲ့တဲ့အပြင် ၊ ကိုယ်အလေးချိန်တက်လာတိုင်း ညစာ စားသောက်ခွင့်ပိတ်ပင်ခံရကြောင်း သိရှိရပါတယ် ။ ဒါတင်မကသေးပါဘူး အသက် 20-27 ဝန်းကျင်မှာရှိတဲ့ မိန်းကလေးတိုင်း ” fat Club” လို့ခေါ်တဲ့ group chat တစ်ခုမှာ ကိုယ်အလေးချိန်တိုင်းတာမှုကို အမြဲတင်ပြရပါသေးတယ် ။ ကိုယ်အလေးချိန်တက်လာပါက ဒဏ်ကြေးငွေပေးဆောင်ရပြီး ၊ စတိုးဆိုင်အစား ဂိုဒေါင်မှာအလုပ်ဆင်းရကြောင်း သိရှိရပါတယ် ။

ထို့အပြင် ဝန်ထမ်းအကြီးပိုင်းတွေကို ကိုယ်ပိုင်ငွေနဲ့လတိုင်း ကျွေးမွေးဧည့်ခံရကြောင်း ၊ တစ်နေ့ကို 12 နာရီခန့်အလုပ်ဆင်းရပြီး စားသောက်ချိန် 10-20 မိနစ်ခန့်သာ ရကြောင်းသိရှိရပါတယ် ။

သို့ပေမဲ့လည်း Southhaven ကုမ္ပဏီမှတာဝန်ရှိသူရဲ့ပြောကြားချက်အရ အဆိုပါအပြစ်ပေးမှုတွေကို ဝန်ထမ်းတွေကိုယ်တိုင်က အစပိုင်းကတည်းက သတ်မှတ်ထာခဲ့ကြတာဖြစ်ကြောင်း ၊ အထက်ကညွန်ကြားတာမျိုးမဟုတ်ကြောင်း ၊ ဖားခုန်ပြီးအပြစ်ပေးတာကလည်း ကုမ္ပဏီဖက်က စည်းကမ်းချမှတ်ထားတာမဟုတ်ဘဲ Sale Target မပြည့်မီတဲ့ဝန်ထမ်းတွေက သူတို့ကိုယ်သူတို့စိတ်အားထက်သန်အောင် ပြုလုပ်ခြင်းကနေစခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ဝန်ထမ်းအချင်းချင်းအစားအသောက်ကျွေးမွေးဧည့်ခံရတဲ့အဖြစ်ကိုတော့ ကုမ္ပဏီ ဖက်မှလုံးဝငြင်းဆိုထားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*