
အစ်မ(၁၁)ယောက်ပိုင်ဆိုင်ထားတဲ့ မောင်ငယ်လေးရဲ့ထူးထူးခြားခြားမင်္ဂလာပွဲ
တရုတ်နိုင်ငံ Shanxi ဒေသမှာ နေထိုင်တဲ့ အသက် (၂၂)နှစ် Gao Haozhen ဟာ မိသားစုထဲမှာ ထူးထူးခြားခြား ယောကျ်ားဆိုလို့ သူတစ်ယောက်ပဲရှိပြီး သူ့အထက်မှာ မိန်းကလေးချည်းပဲ ၁၁ယောက်ရှိပါတယ်။
ဒီခေတ်အနေထားနဲ့ အရေတွက်များတဲ့ မိသားစုတစ်ခုလို့ ပြောရပါမယ်။ မင်္ဂလာဆောင်ဖို့အတွက် Gao ရဲ့အစ်မ ၁၁ယောက်က ယွမ် ၃၂ဝဝဝဝ (ဒေါ်လာ ၄၈ဝဝဝ) ပေးခဲ့ပြီး ဒီ့အပြင် လက်ဖွဲ့ပစ္စည်းများနဲ့ သူတို့နေထိုင်ဖို့ အိမ်အသစ်ကိုလည်း အားလုံးစီစဉ်ပေးတယ်လို့ သိရပါတယ်။
အစ်မ ၁၁ယောက်နဲ့ မောင်ငယ်လေးရဲ့မင်္ဂလာဆောင် ဓာတ်ပုံဟာ အွန်လိုင်းမှာ share ဦးရေ များပြားနေပြီး Gao အတွက် အားလုံးကဝမ်းသာသလို အားလည်းကျနေပါတယ်။ တစ်ဦးတည်းသောမောင်လေးကို အစ်မတွေက ဝိုင်းချစ်ကြတယ်။
Gao ရဲ့ဇနီးသည်ရော ဒီယောင်းမ (၁၁)ယောက်နဲ့ တည့်အောင်နေနိုင်ပါ့မလားလို့ တစ်ချို့အင်တာနက်သုံးစွဲသူတွေက နောက်ကြပါတယ်။ တရုတ်မှာ ကလေးတစ်ယောက်ပဲမွေးခွင့်ရှိတဲ့ ပေါ်လစီထုတ်ထားချိန်မှာ Gao ရဲ့မိဘတွေ ဘယ်လိုများ ကလေး၁၂ယောက်ကိုမွေးပြီး ပြုစုပျိုးထောင်ခဲ့လဲဆိုတာ စဉ်းစားစရာပါပဲ။
မောင်ငယ်လေးရဲ့မင်္ဂလာပွဲအတွက် အားလုံးစုပြီး ဒီလိုစီစဉ်ဖို့အတွက် ညီမတွေအားလုံးရဲ့ဆုံးဖြတ်ချက်နဲ့လုပ်ဖြစ်ခဲ့တာပါလို့ Paper.cn နဲ့ အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။ Gao ရဲ့အမေဟာ အသက် ၂ဝမှာစပြီး ကလေး ၁၂ယောက်ကို မွေးခဲ့တာဖြစ်ပါတယ်။ အသက် ၂၇နှစ်မှာ မွေးပြီးခဲ့ပါတယ်။ တကယ်တော့ ယောကျ်ားလေးမွေးလာလို့ သူတို့ကလေးယူခြင်းကို ရပ်တန့်ခဲ့တာပါတဲ့။
ကလေး ၁၂ယောက်လုံးကို တန်းတူညီမျှပဲ ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ ဒါပေမယ့် Gao Yu ကတော့ အထက်တန်းကျောင်းထိပဲ တက်နိုင်ခဲ့တယ်။ စားဝတ်နေရေး မပြေလည်မှုကြောင့် ညီမနှစ်ယောက်ဆို သာမန်ကျောင်းပညာရေးကိုတောင် မတက်ခဲ့ရဘူးလို့သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့အငယ်ဆုံး မောင်လေးရဲ့မင်္ဂလာဆောင်မှာတော့ အခမ်းနားဆုံးဖြစ်အောင်သူတို့ စီစဉ်ပေနိုင်ခဲ့တယ်။
Leave a Reply