အများနဲ့မတူတဲ့သတို့သမီးဝတ်စုံကြောင့် ဘဝရည်မှန်းချက်တွေဖြည့်ဆည်းခွင့်ရခဲ့သူလေး

Taylor Ann Linko အမည်ရှိတဲ့မိန်းကလေးက သူမ မူလတန်းအရွယ်ကတည်းက ပန်းချီဆရာတစ်ယောက်ဖြစ်ချင်ခဲ့တာပါ ။ ဒါကြောင့် သူမဟာအသီးခြင်းပုံလေးတွေရေးဆွဲပြီး သူမရဲ့မိခင်သူငယ်ချင်းတွေကို ရောင်းချခဲ့ပါတယ် ။

သို့ပေမဲ့လည်း သူမရဲ့ကြိုးစားမှုတွေဟာအရာမထင်ခဲ့ဘဲ နောက်ဆုံးမှာတော့ လအနည်းငယ်အကြာမှာကျင်းပမဲ့ သူမရဲ့မင်္ဂလာပွဲအတွက် သတို့သမီးဝတ်စုံကို မီးတောက်ပုံစံဖန်တီးရေးဆွဲဖို့ စီစဉ်ခဲ့ပါတယ် ။ သူမဟာ အခြားသူတွေလို ပုံမှန်အဖြူရောင်သတို့သမီးဝတ်စုံ မဝတ်ချင်တဲ့အတွက် အချိန်ပေးပြီး သူမရဲ့သတို့သမီးဝတ်စုံအဖြူ ရောင်ပေါ် လေစုတ်တံလေးနဲ့ နည်းပညာအသုံးပြု ပြီး လှပအောင်ပုံစံဆန်လေးဖန်တီးခဲ့ပါတယ် ။

မင်္ဂလာပွဲမကျင်းပမီ တစ်ပတ်အလိုမှာ သူမရဲ့သတို့သမီးဝတ်စုံကို လှပစွာဖန်တီးနိုင်ခဲ့ပါတယ် ။ သူမရဲ့သတို့သမီးဝတ်စုံဟာ အရောင်စုံလင်ပြီးလှပလွန်းတဲ့အတွက် ပွဲသို့လာရောက်တဲ့ဧည့်သည်တိုင်းက ချီးမွမ်းခဲ့ကြပါတယ် ။ တစ်ရက်မှာတော့ သူမရဲ့ Facebook နဲ့ Instagram ဟာ Follower ပေါင်းမြောက်များစွာရရှိခဲ့ပြီး ၊ UK gossip blog မှလည်း သူမရဲ့သတို့သမီးဝတ်စုံကို အကျယ်တဝင့်ဖော်ပြခဲ့ပါတယ် ။

လူပေါင်းများစွာကလည်း ၎င်းတို့ရဲ့သတို့သမီးဝတ်စုံပေါ်မှာ ဆေးရောင်စုံရေးဆွဲပေးဖို့ သူမကိုတောင်းဆိုလာကြပါတယ် ။ သူမကလည်း လက်ခံခဲ့ပြီး နောက်ဆုံး studio လေးတစ်ခုငှါးရမ်းကာ သတို့သမီးဝတ်စုံပေါ် ပန်းချီရေးဆွဲတဲ့စီးပွားရေးကို စတင်ပြုလုပ်လာခဲ့ပါတယ် ။ သူမရဲ့အိမ်မက်ဖြစ်တဲ့ အချိန်ပြည့်ပန်းချီဆရာမတစ်ယောက်ဖြစ်ခဲ့ပြီး ၊ သူမရဲ့လုပ်ငန်းအစီအစဉ်တွေက အနဲငယ်နှေးကွေးခဲ့ပေမဲ့လည်း ရည်မှန်းချက်တွေ အထမြောက်ခဲ့ရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*