ကမ္ဘာပျက်ရင် အမေရိကန် သမ္မတကို ကယ်ဆယ်မယ့် လေယာဉ်

Doomsday လို့ပဲ အမည်ပေးထားတဲ့ လေယာဉ် ဖြစ်ပြီးတော့ အမေရိကန် သမ္မတ၊ အမေရိကန် ကာကွယ်ရေး ဝန်ကြီး နဲ့ ထိပ်သီး ခေါင်းဆောင် ၃၊ ၄ ဦး အတွက် ရည်ရွယ်ပြီးတော့ တည်ဆောက်ထားတဲ့ လေယာဉ် ဖြစ်ပါတယ်။ အမေရိကန် Boeing ကုမ္မဏီက တည်ဆောက်ပြီး US Air Force ကို ပြန်လည်ရောင်းချခဲ့တာပါ။ ၁၉၇၄ ခုနှစ် တုန်းက ဖြစ်ပါတယ်။

တစ်စီးရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၂၂၃ ဝန်းကျင် ရှိပြီး ယင်းဟာ ၁၉၉၈ ခုနှစ်က ဒေါ်လာဈေးနဲ့ တွက်ခြင်း ဖြစ်ပါတယ်။ ယနေ့ဆိုရင် အတော် များမှာပါ။ စုစုပေါင်းလို့မှလည်း အစီးရေ ၄ စီးပဲ ရှိပါတယ်။ လေယာဉ်ရဲ့ ရည်ရွယ်ချက်ကလည်း ကမ္ဘာပျက်မတက် ပျက်ဆီးနေချိန်မှာ အမေရိကန် ထိပ်သီး ခေါင်းဆောင် များကို ကယ်ဆယ်ဖို့ ဖြစ်ပါတယ်။ အဓိက အားဖြင့် သမ္မတကို ကယ်မှာ ဖြစ်ပါတယ်။ တစ်စီး တစ်စီးမှာ လိုက်ပါ နိုင်တဲ့ လူဦးရေ ပမာဏ ကတော့ ၄၈ ဦးကနေ အများဆုံး ၁၀၀ ကျော်လည်း လိုက်ပါ နိုင်ပါတယ်။

ထူးခြားချက် အနေနဲ့ နျူကလိယ ဗုံး ပေါက်ကွဲမှု ဘယ်လိုမျိုးကို မဆို ခံနိုင်ရည် ရှိပါတယ်။ နျူကလိယ တောင် ခံနိုင်ရည် ရှိတယ် ဆိုရင် အခြား ပေါက်ကွဲမှုတွေ ခံနိုင်ရည် ရှိမရှိ မေးနေစရာ မလိုတော့ ပါဘူး။ လေကြောင်း၊ ကုန်းကြောင်းက ဘယ်လို တိုက်ခိုက်မှုမျိုးကိုမဆို ခံနိုင်ရည် ရှိပါတယ်။ ကမ္ဘာ့ အကြီးဆုံး Aircraft လို့လည်း စံချိန် တင်ထား ပါတယ်။ ဆီအပြည့် ဖြည့်ထားပြီးရင် လေပေါ်မှာ နေ့ရက်ပေါင်း များစွာ ပြန်သန်း နိုင်ပါတယ်။ အစားအသောက်၊ ရိက္ခာ သာ အပြည့်ပါမယ် ဆိုရင် လေထဲမှာတင် ကာလကြာ နေနိုင်မှာ ဖြစ်ပါတယ်။

လေးစီး စလုံးဟာ အမေရိကန်မှာ Standby အဖြစ် ရှိနေ ပါတယ်။ ဆိုလိုရင်းက အကြောင်း အမျိုးမျိုးကြောင့် စစ်ဖြစ်ခဲ့ရင်၊ အရေးကြုံခဲ့ရင် သမ္မတ ရှိရာကို မိနစ်ပိုင်း အတွင်း အရောက် သွားနိုင်ဖို့ ပြင်ဆင်ထားခြင်း ဖြစ်ပါ တယ်။ တကယ်လည်း သွားနိုင်ပါတယ်။ လေယာဉ် တည်နေရာက အမေရိကန် အလယ်ပိုင်း နီဘရားစကား ပြည်နယ်၊ အိုမဟာ မြို့က လေတပ် မှာ တည်ရှိနေတာ ဖြစ်ပါတယ်။ လေယာဉ် အမည် က Boeing E-4 ဖြစ် ပါတယ်။ E-4B လို့လည်း ခေါ် ပါတယ်။ ရုရှား၊ တရုတ်ပြည် တို့ ကလည်း ယင်းကဲ့သို့ Survival လေယာဉ် တွေ လိုက်လံ ဖန်တီး ပေမယ့် အမေရိကန် E-4B ကို မမှီသေး ပါဘူး။ ခေတ်အဆက်ဆက် Upgrade ပြုလုပ် ထားပြီး အမြဲ ခေတ်မှီနေသေးတဲ့ လေယာဉ် ဖြစ်ကြောင်း သိရ ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*