ဟောင်ကောင် Jollibee မှာ အလုပ်လုပ်နေတဲ့ အဘွား မထင်မှတ်ပဲ ဘာလို့နာမည်ကြီး

အသက်ရွယ်ကြီးရင့်သူတွေအတွက် ဘယ်နေရာမှာမဆို အလုပ်ကိုင် အခွင့်လမ်းတွေဟာ ရှားပါးလာပါပြီ။ တစ်ချို့လုပ်ငန်းတွေဆို ဝန်ထမ်းတွေကို အလုပ်ခန့်ရာမှာ အဆင့်သတ်မှတ်ချက်တွေ မြောက်မြားစွာရှိပါတယ်။ ကိုယ်ရည် ကိုယ်သွေးအကောင်းဆုံး ဆိုတဲ့အရာတွေကိုပဲ ခန့်အပ်ချင်ကြတယ်။ အသက် ၃ဝ ၊ ၃၅ကျော်တာနဲ့ သိပ်ပြီး မစဉ်းစားပေးချင်တော့ပါဘူး။

လုပ်ငန်းရှင်တွေကလည်း လူငယ်တွေကိုပဲ အလုပ်ပေးချင်တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ပေါ့ပေ့ါပါးပါးနဲ့ လူငယ်တွေက ခိုင်းကောင်းသေးတယ်လေ။ အခု ဟောင်ကောင်က Jollibee စားသောက်ဆိုင်မှာအဘွားတစ်ယောက် မထင်မှတ်ပဲ နာမည်ကြီးလာတယ်ဆိုတာလည်း အခြား ဝန်ထမ်းတွေနဲ့မတူပဲ သူ့ရဲ့အသက်ရွယ်ကြောင့်လို့ ပြောရမှာပေါ့ ။

အင်တာနက်အသုံးပြုသူ Caseey Angela ဟာ ဟောင်ကောင်လိုတောင် ကျွမ်းကျင်စွာမပြောနိုင်တဲ့အဘွားကို ဒီနေရာမှာ ဘာကြောင့်အလုပ်ခန့်ထားလဲဆိုတာ စိတ်ဝင်စားသွားပါတယ်။ လစာနည်းနည်း ဘာမှဖြစ်မြောက်မှုမရှိနိုင်တဲ့ ဖိလစ်ပိုင်ကနေ ထွက်လာပြီး အခြားရေမြေခြားမှာ မိသားစုအတွက် ဝင်ငွေပိုကောင်းအောင် အလုပ်လာလုပ်ခဲ့တယ်။

အဘွားက ကောင်းကောင်းစကားမပြောတတ်ပေမယ့် စားသုံးသူတွေ အလိုရှိတာကို နားလည်တယ်။သဘောပေါက်တယ်။ ဖော်ရွေပြီး အလိုက်သိတယ်။ စားသုံးသူတွေ စိတ်ရှုပ်အောင် အနားမှာ ရစ်သီရစ်သီလုပ်နေတာမျိုးလည်းမရှိဘူး။ သူ့ရဲ့အလုပ်လုပ်နိုင်စွမ်းက လူငယ်တစ်ယောက်လိုပဲ သွက်လက်နေတုန်းပါပဲ။ အလုပ်လုပ်တာလည်း စေ့စပ်မှုရှိလို့ ပိုင်ရှင်က သဘောကျပြီးခန့်ထားတာထင်ပါတယ်။

အဘွားလည်း သူများနိုင်ငံလာမလုပ်ချင်ပါဘူး။ အစပိုင်းမှာ အနှိမ်ခံ ၊ အပြောဆိုခံရပါတယ်။ နောက်ပိုင်း သူမရဲ့လုပ်ရည်ကိုင်ရည်ဟာ အပြစ်ပြောစရာမရှိအောင် တိကျလွန်းတဲ့အတွက် သဘောကောင်းတဲ့ အလုပ်ရှင်ဆီ ရောက်လာတယ်တူပါတယ်။ သတ္တိကောင်းလွန်းတဲ့ အဘွားရဲ့အကြောင်လေးနဲ့ ဓာတ်ပုံလေးကို ဖေ့စ်ဘွတ်ပေါ် Caseey Angela က တင်ပြီးနောက်မှာ မထင်မှတ်ပဲ နာမည်ကြီးသွားခဲ့တာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*