ရုပ်ရှင်ကားထဲမှာမဟုတ်ဘဲ အပြင်မှာ တကယ်တီထွင်နိုင်လိုက်ပြီဖြစ်တဲ့ ကားပျံ

ပရိသတ်ကြီးရေ လူူလုပ်ရင်ဘာမဆိုဖြစ်တယ်ဆိုတဲ့စကားလေးအတိုင်းပဲ အိုပန်နာ လို့အမည်ရတဲ့ သူတစ်ဦးဟာ အနက်ပျံ လို့ အမည်ပေးထားတဲ့ ကားပျံကို တီထွင်ခဲ့ပြီလို့သိရပါတယ်။ ၎င်းကားပျံဟာ တစ်နာရိကို ၂၅ မိုင်နှုန်းသွားနိုင်ပြီး ကုန်ကျစရိတ်အနေနဲ့ဆိုရင် အမြန်မောင်းတဲ့စပို့ကားတစီး စာလောက်သာကုန်ကျမှာပဲဖြစ်ပါတယ်။

ထိုကားကတော့ လူတစ်ဦးသာ စီးနင်းလို့ရပြီး တောင်ပံနှစ်ဖက်ကိုဖြန့်ပြီးပျံတဲ့ အင်ဂျင်နဲ့ တည်ဆောက်ထားတာပဲဖြစ်ပါတယ်။

ထိုကားဟာမြက်ခင်းပြင်ပေါ်ကနေထပျံတာ မျိုးတွေ ၊ မြင်ခင်းပြင်ပေါ်ဆင်းသက်တာမျိုးတွေ ကောင်းကောင်းပြုလုပ်နိုင်သလို အစိုးရရဲ့ တရားဝင်ပျံသန်းခွင့် ခွင့်ပြုချက်ပါ ရထားတဲ့ ကားပျံအမျိုးအစားပဲဖြစ်ပါတယ်။

၎င်းကားပျံရဲ့ ယာဉ်မောင်းစနစ်ကတော့ ခလုတ်ကို လက်မနဲ့ဖိလိုက်တာနဲ့ ထိန်းချုပ်ပြီးသားဖြစ်နေပြီး လေထဲမှာပါ ရပ်တန့်ထားလို့ရတဲ့ ကားပျံတစ်စီးပဲဖြစ်ပါတယ်။

၎င်းကားပျံထပျံတဲ့ပုံစံက အရမ်းအံ့သြစရာကောင်းလှသလို လူမပါရှိဘဲနဲ့လဲ မောင်းနှင်ပျံသန်းနိုင်တဲ့ ကားပျံတစ်စီးပဲဖြစ်ပါတယ်။

အခုလိုကောင်းမွန်တဲ့အရည်အသွေးတွေနဲ့ ပြည့်စုံနေသလို ပုံစံလေးကလည်း ဆွဲဆောင်မှုရှိလှတဲ့ ကားပျံလေးဟာ တကယ်ရှိနေပါလားဆိုတာသေချာစေဖို့အတွက် ဗီဒီယိုလေးပါ ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*