
မိဘကောင်းတော့ သားသမီးမကောင်း ၊ သားသမီးကောင်းတော့ မိဘမကောင်းဆိုသလိုပဲ ။ တစ်ချို့မိသားစုတွေမှာ ကြည့်လိုက်ရင် သားသမီးတွေက မိဘတွေထက် ပိုပြီး ရင့်ကျက် ၊ ဆင်ခြင်တွေးတောတတ်နေတာ တွေ့ရပါတယ်။ မိဘတွေဖြစ်နေတော့ သားသမီးကလည်းတော်ရုံတန်ရုံမပြောပေမယ့် လူအများရှေ့ အမြင်မတော်တာမျိုးလုပ်တာတော့ တစ်မိသားစုလုံးမျက်နှာပျက်ရတာပေါ့။
တရုတ်နိုင်ငံမှ မင်္ဂလာပွဲတစ်ခုက ဖြစ်ရပ်တစ်ခုပါ။ မင်္ဂလာပွဲကျင်းပပြီး အရက်မူးနေတဲ့အဖေက သားရဲ့သတို့သမီးကို လူတွေအရှေ့မှာ နမ်းခဲ့ပါတယ်။ နှစ်ဦးနှစ်ဖက်လုံးဘက်က ဧည့်သည်တွေအကုန်လုံး အံ့သြသင့်ခဲ့ရတယ်။ သတို့သမီးက စစဖြစ်ချင်းမှာ ထူပူသွားပေမယ့် နောက်တော့ အတင်းရုန်းပါတယ်။ သတို့သားဘက်က ဝိုင်းဆွဲတော့မှ ခွာတော့တယ်။ နှစ်ဖက်လုံးအတွက် မျက်နှာပျက်စရာဖြစ်သလို သူတို့တစ်သက်လုံးအတူတူ ဘယ်လိုနေထိုင်သွားကြမလဲတော့ မပြောတတ်ဘူး။
ဒီကိစ္စ အွန်လိုင်းမှာပျံနှံ့ပြီးနောက် ရက်အနည်းငယ်ကြာမှာ အဖေဘက်က သူ့ရဲ့ချွေးမကို ပြန်တောင်းပန်ခဲ့တယ်လု့ိ သိရတယ်။ သူ့ရဲ့အပြုအမူအတွက် အရမ်းနောင်တရပြီး သတို့သမီးကို နမ်းခဲ့မှန်းလည်းသေချာ မမှတ်မိပါဘူးလို့ ပြောခဲ့ပါတယ်။ ဗီဒီယို ဖော်ပြပေးလိုက်ပါတယ်။
Leave a Reply