ကလေးချီထားတဲ့ အမျိုးသမီးရဲ့အနောက်နံရံမှာပေါ်နေတဲ့ အရိပ်က ဘာပြောလဲ မေး

Arlaine S Villosabri ဆိုတဲ့ မိန်းကလေးဟာ သူမ အစ်မရဲ့ကလေးလေးကို ချီပြီး အမှတ်မထင်ဓာတ်ပုံရိုက်ခဲ့မိတယ်။ ပုံမှန်အတိုင်းတော့ သူမနဲ့ ကလေးကိုပဲမြင်ပေမယ့် သေချာအနီးကပ်ကြည့်လိုက်ချိန်မှာတော့ ကြက်သီးထစရာ အရာကြီးတစ်ခုကို သတိထားမိသွားတယ်။

ကလေးက နို့လည်းစို့ပြီးသွားပြီဆိုတော့ Arline က အစ်မကို ကလေနဲ့ဓာတ်ပုံတစ်ပုံလောက် ရိုက်ပေးဖို့ ပြောတယ်။ Filters App နဲ့မဟုတ်ပဲ ရိုးရိုးကင်မရာနဲ့ရိုက်ခဲ့တာပါ။

ရိုက်ပြီးတော့ ကြည့်လိုက်ချိန် ဓာတ်ပုံထဲ တစ်ခုခုလွဲနေတာကို တွေ့သွားခဲ့တယ်။ သူမက ကလေးကိုချီပြီး အနောက်ကော့ကာ ရပ်နေတာပါ။ အနောက်က နံရံမှာပေါ်နေတဲ့ အရိပ်က မတူဘူး။ ခေါင်းစောင်းပြီး ရပ်နေတဲ့ မိန်းမတစ်ယောက်ရဲ့ပုံစံနဲ့တူတယ်။ လူနဲ့ အရိပ်က လုံးဝကြီးကို ကွဲပြားနေတာပါ။

ကြောက်လန့်တကြားနဲ့ ထိုဓာတ်ပုံဟာ သူမတို့စိတ်ထင်တာပဲလား ၊ အရိပ်က တိုက်ဆိုင်ပြီး ပေါ်နေတာလားဆိုတာ သိရအောင် ဖေ့စ်ဘွတ်ပေါ်တင်ထားခဲ့ပါတယ်။ သူမရဲ့အရိပ်မဖြစ်နိုင်ကြောင်းအင်တာနက်အသုံးပြုသူများက ပြောကြတယ်။ သူမအတွက်လည်း ဘေးကင်းလုံခြုံပါစေလို့ ဆုတောင်းပေးနေကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*