အိမ်ဝယ်မယ်ဆိုရင်ဖြင့် အိမ်ရော ၊ ဇနီးရော ၊ သမီးနှစ်ယောက်ကိုပါ တစ်ခါတည်းပိုင်ဆိုင်ရမဲ့အဖြစ်

အင်ဒိုနီးရှားနိုင်ငံမှ အိမ်ရောင်းချင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့သတင်းဟာ အတော်လေးကိုလူပြောများနေလျက်ရှိပါတယ် ။ အကြောင်းကတော့ သူမရောင်းတဲ့အိမ်ကို ဝယ်လိုက်သူဟာ အိမ်ပိုင်ရှင်ဖြစ်သွားမဲ့အပြင် ၊ တစ်ခါတည်းပါ သူမရဲ့ခင်ပွန်းဖြစ်ရမှာ မို့လို့ပါ ။

Ayu Novi Astiana အမည်ရှိတဲ့ အသက် 31 နှစ်အရွယ် Single mother တစ်ယောက်ဟာ ကျောက်ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကိုပစ်လိုက်တာပါပဲ ။ သူမကတော့ ” ကျွန်မရဲ့စီးပွားရေးအတွက် ငွေလိုလို့ ပြီးရင် ကျွန်မရဲ့သမီးတွေအတွက် ငွေစုထားပေးချင်လို့ ဒီအိမ်ကိုရောင်းမှာပါ ။ ဒီအိမ်ကို ဝယ်လိုက်တဲ့သူကလည်း ကျွန်မနဲ့လိုက်ဖက်တဲ့သူဖြစ်ရမယ် ၊ ကျွန်မရဲ့ ခင်ပွန်းဖြစ်နိုင်မဲ့သူပေါ့ ” ဆိုပြီး ပြောဆိုထားပါတယ် ။

ထို့အပြင် အိမ်ဝယ်မဲ့သူက single ဖြစ်ရမယ် ၊ တာဝန်ယူစိတ်အပြည့်ရှိရမယ် ဆိုပြီးတော့ပါ ပြောဆိုထားပါသေးတယ် ။ ထို့အပြင် ” ဒီလို စိတ်ကူးမျိုးရခဲ့တာကလည်း ကျွန်မအိမ်ရောင်းမယ်ပြောတော့ ကျွန်မရဲ့အိမ်နီးချင်းက တစ်ခါတည်းယောင်္ကျားပဲယူလိုက်ပါလား ဆိုပြီးပြောလိုက်လို့ပါ ၊ အစပိုင်းတော့ ကျွန်မရှက်နေပေမဲ့ ပြန်တွေးကြည့်လိုက်တော့ လုပ်ကြည့်လိုက်မယ် ဆိုပြီးဖြစ်လာခဲ့တာပါ ” ဆိုပြီး သူမရဲ့စိတ်ကူးပေါ်ပေါက်ခဲ့ပုံကို ရှင်းပြခဲ့ပါတယ် ။

သူမဟာ သမီးလေးနှစ်ယောက်ရဲ့မိခင်ဖြစ်ပြီး ၊ လက်ထပ်ပြီး 4နှစ်အကြာ ပြီးခဲ့တဲ့ May လကမှ ကွာရှင်းထားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ သူမ နဲ့ သူမရဲ့သမီးငယ်နှစ်ယောက်လုံးကို လက်ခံနိုင်တဲ့သူမျိုးကိုသာ ပိုင်ဆိုင်ချင်တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။ သူမအိမ်ရဲ့ လက်ရှိအိမ်ပေါက်ဈေးမှာ IDR 250 million (မြန်မာငွေ သိန်း 250 ကျော်ခန့်) ရှိကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*