ဖုန်းကို ခိုးယူရုံမက selfie  ဓာတ်ပုံများပါ ကိုယ်တိုင် ရိုက်ယူထားခဲ့တဲ့ မျောက် ( ရုပ်သံ)

မလေးရှားနိုင်ငံ ၊ Johor ပြည်နယ် Batu Pahat မှာနေထိုင်တဲ့ အသက် 20 အရွယ် Zackryds Rodzi အမည်ရှိတဲ့ အမျိုးသားဟာ မမျှော်လင့်ထားတဲ့အချိန်မှာ ဖုန်းအခိုးခံလိုက်ရပါတယ် ။တစ်မနက်ခင်းက Zackryds ဟာ အိပ်ယာကနေထ ထချင်မှာ သူ့ရဲ့ဖုန်းပျောက်သွားတာကို သတိထားမိခဲ့ပါတယ် ။ သူခိုးတွေရဲ့ ခြေရာလက်ရာတွေကိုမတွေ့ရှိခဲ့လို့ Zackryds က တော်တော်လေးစဉ်းစားရခက်နေခဲ့ပါတယ် ။ ထို့နောက် သူ၏ဖုန်းကိုခေါ်လိုက်ချိန်မှာတော့ အိမ်အနီးမှာရှိတဲ့ သစ်တောထဲကနေ ဖုန်းမြည်သံကိုကြားခဲ့ပါတော့တယ် ။ ဖုန်းမြည်သံအတိုင်း လိုက်သွားခဲ့ချိန်မှာတော့ အုန်းရွက်အပုံတွေကြားထဲမှာ ဖုန်းပြုတ်ကျနေခဲ့တာကို တွေ့ရှိခဲ့တာပါ ။

မနက်ခင်းအစောကတည်းက Zackryds ရဲ့ ဖခင်က အိမ်အနီးဝန်းကျင်မှာ ထူးထူးဆန်းဆန်းမျောက်တစ်ကောင်တွေ့ရှိခဲ့သေးကြောင်း Zackryds ကိုပြောပြခဲ့ပါသေးတယ် ။ မျောက်တစ်ကောင်က ဖုန်းကိုခိုးသွားမယ်လို့ Zackryds ကလည်း လုံးဝမတွေးထင်ထားခဲ့ပါဘူး ။ Zackryds ရဲ့ မောင်နှမတွေကလည်း သူခိုးက ဖုန်းထဲမှာခြေရာလက်ရာတော့ ချန်ထားခဲ့အုံးမှာပဲ ဆိုပြီး Zackryds ကို စနောက်ခဲ့ကြပါတယ် ။ ထို့နောက် ဖုန်းဖွင့်ကြည့်လိုက်ချိန်မှာတော့ ဖခင်ဖြစ်သူမနက်ကတွေ့ခဲ့တယ်လို့ပြောတဲ့ မျောက်ရဲ့ဓာတ်ပုံတွေကို ဖုန်းထဲမှာတွေ့ရှိခဲ့ပါတော့တယ် ။

အစပိုင်းမှာတော့ Zackryds ဟာ သူ၏ဖုန်းကို ပြန်တွေ့ခဲ့ပေမဲ့လည်း အနည်းငယ်ထိခိုက်ပျက်စီးသွားလို့ စိတ်ဆိုးဒေါသထွက်နေခဲ့တာပါ ။ နောက်တော့ ဖုန်းရဲ့ Gallery ကိုဖွင့်ကြည့်ခဲ့ချိန်မှာတော့ အဆိုပါမျောက်ရဲ့ selfie ဓာတ်ပုံတွေကြောင့် စိတ်မထိန်းနိုင်တော့ဘဲ အော်ရယ်ခဲ့မိပါတော့တယ် ။ အဆိုပါ video ကို Zackryds ဟာ Twitter ပေါ်မှာ ဝေမျှခဲ့ပြီးနောက် အတော်လေးကိုရေပန်းစားသွားခဲ့ပါတော့တယ် ။

zaw gyi

Be the first to comment

Leave a Reply

Your email address will not be published.

*