အိန္ဒိယနိုင်ငံကရွာတစ်ရွာမှာ ကိုးကွယ်နေကြတဲ့ မျက်လုံးတစ်လုံးထဲပါသောဆိတ်

အိန္ဒိယနိုင်ငံက Assam လို့ခေါ်တဲ့ ရွာတစ်ရွာမှာ လွန်ခဲ့တဲ့ သီတင်းပတ်တုန်းက ဆိတ်လေးတစ်ကောင်မွေးဖွားခဲ့့ပါတယ်။ ၎င်းဆိတ်လေးဟာ မွေးရာပါ မျက်လုံးတစ်လုံးထဲပါပြီးတော့ သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ အတွက်ကြောင့် အချို့သော ရွာသားတွေကတော့ ယုံကြည်မှု့ဖြင့် ကိုးကွယ်နေကြပါတယ်။

တိရစ္ဆာန်ဆရာဝန်တွေကတော့ ဒီဆိတ်လေးဟာ မွေးပြီးရက်ပိုင်း အနည်းငယ်မှာပင် သေဆုံးလိမ့်မယ်ဆိုပြီးတော့ ကြိုတင်ခန့်မှန်းခဲ့ကြပေမယ့်လည်း ၎င်းဆိတ်လေးက ခန့်မှန်းမှု့နှင့် တက်တက်စင်အောင်လွဲမှားစွာ ယခုအချိန်ထိ အသက်ရှင်နေခဲ့သေးတာဘဲဖြစ်ပါတယ်။

အခြားသော ရွာတွေက လူတွေက ဒီလိုထူးဆန်းတဲ့ ဆိတ်လေးကို ကြည့်ဖို့အတွက် အများအပြားလာရောက်ကြတယ်လို့ သိရပါတယ်။ဆိတ်ကလေး ဒီလိုဖြစ်ရတဲ့ အကြောင်းကတော့ ဦးနှောက် နှစ်ပိုင်းဖြစ်ရမယ့်နေရာမှာ မခွဲထွက်နိုင်တဲ့ ချို့ယွင်းချက်ရှိနေတာကြောင့်ဖြစ်ပါတယ်။

မျက်ခမ်းတွေ မျက်ခွံတွေလည်း မပါဘူးဆိုတာကို ဗီဒီယိုထဲမှာတွေ့ရမှာဘဲဖြစ်ပါတယ်။ ဆိတ်ပိုင်ရှင် Mukhuri Das ကတော့” ကျွန်တော် တကယ်ကို လန့်သွားမိပါတယ်။ တကယ်ကို ထူးခြားဆန်းကြယ်ပြီးတော့ လူတွေကလည်း ဆိတ်လေးကို ကြည့်ဖို့ ကျွန်တော့်ဆီကို ရောက်လာခဲ့ကြပါတယ်။

မွေးလာပြီဆိုမှတော့ ဆိတ်လေးဟာ ကျွန်တော့်ရဲ့ တာဝန်ပါဘဲ။ သူ့ကိုကောင်းကောင်းမွန်မွန် ကျွေးမွေးစောင့်ရှောက် သွားမှာပါ။ ကျွန်တော်ကတော့ ဘုရားသခင်ဆီကပို့လိုက်တဲ့ တစ်စုံတစ်ရာလို့ သတ်မှတ်ပြီးတော့ ဆိတ်ကလေးကို မွေးသွားမှာပါ ” ဆိုပြီးပြောပြခဲ့ပါတယ်။

ရွာသားတွေကလည်း ယုံကြည်မှု့ဖြင့် ကိုးကွယ်နေကြပြီးတော့ ပိုင်ရှင်ဖြစ်သူကလည်း ဆိတ်လေး အိမ်မှာမွေးလာတဲ့ အတွက်ကြောင့် သူတို့အတွက် ကံကောင်းမှု့တွေ ယူဆောင်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*