တောင်ပေါ်သို့လမ်းလျှောက်ထွက်ရင်း သစ်ပင်မှာဦးချိုနဲ့ညပ်မိနေတဲ့တောင်ဆိတ်ကို ကယ်တင်ပေးခဲ့တဲ့အမျိုးသား (ရုပ်သံ)

ယခုဖော်ပြမဲ့ video ဟာ 2015 ခုနှစ်ကတည်းက social media ပေါ်မှာရေပန်းစားခဲ့တာဖြစ်ပြီး ၊ ယခုနောက်ပိုင်းမှတစ်ဖန် ထပ်ပြီး ရေပန်းစားခဲ့တာဖြစ်ပါတယ် ။

ဘာလို့လည်းဆိုတော့ လူတွေဟာအပြင်သိပ်မထွက်ဘဲ နေအိမ်အတွင်းမှာသာနေထိုင်ကြရင်းနဲ့ တိရစ္ဆာန်ကယ်တင်ပေးတဲ့ video တွေကိုပြန်ကြည့်ဖြစ်ကြပြီး ၊ ခရီးထွက်ကာ စိတ်အပန်းဖြေချင်နေကြလို့ပါပဲ ။ Krystof Wlodarczyk အမည်ရှိတဲ့အမျိုးသားဟာ တောင်ပေါ်သို့လမ်းလျှောက်ထွက်ရင်း ဦးချိုနဲ့သစ်ပင်ညပ်မိနေတဲ့တောင်ဆိတ်ရဲ့အဖြစ်ကိုတွေ့မြင်ပြီး ကူညီပေးခဲ့တာဖြစ်ပါတယ် ။

တောင်ဆိတ်တွေဟာ ၎င်းတို့ရဲ့ကွေးကောက်လွန်းတဲ့ဦးချို နဲ့ တောင်တက်ကျွမ်းကျင်မှုတွေကြောင့် လူသိများတာပါ ။ ကံကောင်စွာနဲ့ တောင်ပေါ်သို့လမ်းလျှောက်ထွက်လာတဲ့ အမျိုးသားက ချက်ချင်းကူညီကယ်တင်ပေးခဲ့ပြီး ၊ တောင်ဆိတ်မှာလည်း ကူညီဖို့ရောက်လာတဲ့အဆိုပါအမျိုးသားကို ယုံကြည်စွာနဲ့စိတ်ရှည်စွာ အကူအညီတောင်းခံခဲ့တာပါ ။

ကံကောင်စွာနဲ့ သစ်ပင်နဲ့ဦးချိုညပ်မိနေတဲ့တောင်ဆိတ်ကို အောင်မြင်စွာကယ်ထုတ်ပေးနိုင်ခဲ့တာကို video မှာတွေ့မြင်ရမှာပါ ။

Be the first to comment

Leave a Reply

Your email address will not be published.


*