အသက် 103 နှစ်အရွယ်မှ တက်တူးထိုးပြီး အလန်းလွန် ၊ အလွန်လန်း ခဲ့တဲ့အဘွားအို

လူတိုင်က ပျော်ပျော်နေပြီး ၊ စိတ်ညစ်စရာတွေကို ရင်ထဲမှာမသိမ်ထားဘူးဆိုရင် ဘယ်လောက်ဘဲအိုမင်းသွားပါစေ အသက်ဟာ နံပတ်တစ်ခုလိုသာဖြစ်နေပြီး ၊ အမြဲတက်ကြွနေကြမှာပါ ။ ဒီတစ်ခေါက်မှာလည်း အသက် 103 နှစ်အရွယ် Dorothy Pollack အမည်ရှိတဲ့အဘွားအိုဟာ သူဖြစ်ချင်လုပ်ချင်တဲ့အရာတွေကို စာရင်းလုပ်ထားပြီးနောက် စာရင်းတွေထဲကအတိုင်း တက်တူးထိုးခဲ့ပါတယ် ။

Dorothy ဟာ ကူးစက်ရောဂါအခြေအနေကြောင့် လပေါင်းများစွာ အဘိုးအဘွားတွေပြုစုစောင့်ရှောက်ပေးနေတဲ့ဂေဟာမှာ လပေါင်းများစွာအပြင်မထွက်ရဘဲ ပိတ်မိနေသလိုဖြစ်နေခဲ့ရတာပါ ။ ထို့ကြောင့် အထီးကျန်သလိုအမြဲခံစားခဲ့ရတဲ့ Dorothy ရဲ့ကျန်းမာရေးအခြေအနေဟာ တစ်ရက်ပြီးတစ်ရက်ဆိုးဝါးလာခဲ့ပါတော့တယ် ။

ထို့ကြောင့် မြေးဖြစ်သူ Teresaက သူနာပြုတွေရဲ့အကြံပေးချက်ကြောင့် အဘွားဖြစ်သူ Dorothy ကို အပြင်အလည်ခေါ်ထွက်ခဲ့ရပါတော့တယ် ။ Covid- 19 ရောဂါအခြေအနေတွေကြောင့် မိသားစုဝင်တွေတောင်လာရောက်လည်ပတ်ခွင့်မရခဲ့တဲ့ Dorothy ဟာ သူမအပြင်ထွက်ခွင့်ရခဲ့ရင် ပြုလုပ်မယ့်အရာတွေကို စာရင်းရေးထားပါတော့တယ် ။

မြေးဖြစ်သူက Dorothy ကို ဘာတွေလုပ်ချင်လဲ ဆိုပြီးမေးမြန်းခဲ့ချိန်မှာတော့ Dorothy က တက်တူးထိုးချင်ကြောင်းပြောခဲ့လို့ သူမဆန္ဒပြည့်ဝအောင် တက်တူးဆိုင်သို့ခေါ်သွားပြီး တက်တူးထိုးပေးခဲ့ရပါတယ် ။ တက်တူးဆရာကိုယ်တိုင်က အဘွားဖြစ်သူဟာ တစ်ချက်ကလေးတောင်ရှုံ့မဲ့သွားတာမျိုးမရှိတဲ့အတွက် တကယ့်ချန်ပီယံပဲဆိုပြီး ချီးကျူ းခဲ့ပါတယ် ။

” အတော်လေးစိတ်လှုပ်ရှားတယ် ဘာလို့ဆို လွန်ခဲ့တဲ့နှစ်တွေတုန်းက မြေးလေးကတက်တူးထိုးဖို့ပြောခဲ့ပေမဲ့ မထိုးခဲ့ရဘူး ၊ အခုတော့ရုတ်တရက် တက်တူးလေးတစ်ခုလောက်ထိုးချင်တယ် ၊ ထိုးခဲ့ရင်လည်း ဖားရုပ်လေးထိုးမယ် ၊ ဘာလို့လည်းဆိုတော့ ဖားလေးတွေကိုချစ်လို့ ” ဆိုပြီး အဘွား Dorothy ကပြောဆိုခဲ့ပါတယ် ။ ဒါတင်မကသေးပါဘူး နောက်ထပ်လုပ်ချင်တဲ့အရာတစ်ခုက သူမတစ်ခါးမှမလုပ်ခဲ့ဘူးတဲ့ ဆိုင်ကယ်အနောက်ကနေလိုက်စီးရတဲ့အရာဖြစ်ကြောင်း တောင်းဆိုခဲ့လို့ အဆိုပါနေ့က ဆိုင်ကယ်စီးခွင့်ပါရရှိခဲ့သေးကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*