အသက် ၄၄ နှစ်လို့ ထင်စရာမရှိတဲ့ ထိုင်ဝမ်က Gym ဘုရင်မ

ထိုင်ဝမ်နိုင်ငံက Gym ဘုရင်မလို့ အများက တင်စားခေါ်ဝေါ်ကြတဲ့ Zhang Tingxuan ဟာ အသက် ၄၄ နှစ်ရှိပြီဖြစ်ကာ ကလေးနှစ်ယောက်မိခင်ပါ ၊ ဒါပေမယ့် သူမကို မြင်သူတိုင်းက ဆယ်ကျော်သက်လေးလို့ပဲ ထင်ကြတာပါ ။


သူမရဲ. မျက်နှာ အသားအရည်နဲ့ ခန္တာကိုယ် အချိုးအစားဟာ အသက် ၄၄ နှစ်ပါလို့ ပြောရင် ယုံနိုင်စရာတစ်ကွက်မှ မရှိပါဘူး ။ သူမမှာ အသက် ၁၃ နှစ်အရွယ်သားတစ်ဦးနဲ့ ၉ နှစ်အရွယ် သမီးတစ်ဦး ရှိပါသေတယ်။ သူမဟာ ဇာတိထိုင်မ်မှာသာမက တရုတ်ပြည်မှာပါ နာမည်ကြီးသူပါ ၊ ၂၀၁၂ ကစလို့ သူမရဲ. အကြောင်းတွေ တရုတ်မီဒီယာတွေမှာ ဖော်ပြခံရပြီး ၊ တဖြည်းဖြည်း နာမည်ကြီးလာသူပါ။

 

လက်ရှိမှာတော့ တဖြည်းဖြည်းနဲ့နာမည်ကြီးလာနေပြီး တီဗီအစီအစဉ်တွေမှာ ပါဝင်ခွင့်ရသလို ၊ စာရေးဆရာမတစ်ဦး ဖြစ်ပါတယ်။ ကလေးနှစ်ယောက် အမေဖြစ်သည့်တိုင်အောင် အတွင်းခံဘောင်းဘီတွေ ကြေငြာဖို့ ထိကမ်းလှမ်းခံရသူပါ ။ သူမက ခန္တာကိုယ် အချိုးအစား ထိန်းသိမ်းခြင်းနဲ့ ပတ်သတ်တဲ့ လေ့ကျင့်ခန်းတွေကိုလည်း စာရေးသားထုတ်ဝေခဲ့ပါသေးတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*