မိမိငွေကြေးဥစ္စာတွေ တစ်ချက်မထိဘဲ မိသားစုနဲ့ ကမ္ဘာ့ပတ်ခရီးထွက်တဲ့ မီလျံနာ

သင်ဟာ အလုပ်ထွက်၊ ရှိသမျှဥစ္စာတွေ ထုတ်ရောင်းပြီး ကမ္ဘာပတ်ခရီးသွားဖို့ စိတ်ကူးအိပ်မက်ရှိတဲ့သူဆိုရင် ခုပြောပြမယ့် မိသားစုအကြောင်းက သင့်အကြံကို အကောင်အထည်ဖော် လုပ်ဆောင်ဖို့ ပိုလို့တောင် တွန်းအားဖြစ်စေပါလိမ့်မယ်။

၂၀၁၄ မှာ ကုမ္ပဏီ Scan ကို Snapchat ရရှိပြီးနောက် တွဲဖက်တည်ဆောင်သူ Garrett Gee ဟာ $54million ဝေစုရရှိပြီး အဲ့ဒီဝေစုကို စုဆောင်းထားခဲ့ပါတယ်။ ၃ လအကြာမှာ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ သူဟာ အလုပ်ထွက်ကာ စုဆောင်းငွေထဲက တစ်ပြားတစ်ချက်မှ မသုံးစွဲဘဲ မိသားစုနဲ့ ကမ္ဘာပတ်ခရီးထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။


သူနဲ့ သူ့ဇနီးဟာ ပိုင်ဆိုင်သမျှ အားလုံးကို $45,000 ဖိုးခန့်ရောင်းချခဲ့ပြီး ၆ လအထိလောက်ငှအောင် သုံးစွဲဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ ခရီးစဉ်ကို စတင်ခဲ့ပြီး ခရီးသွားမှတ်တမ်းတွေကို ဆိုရှယ်မီဒီယာနဲ့ The Bucket List Family ဆိုတဲ့ နာမည်နဲ့ ဘလော့ခ်တစ်ခုမှာ အဆက်မပြတ်ဖော်ပြခဲ့ပါတယ်။ ၅ လခန့်အကြာ လက်ထဲမှာ ငွေ $5,000 သာ ကျန်ရှိတဲ့အချိန်မှာ ငွေကြေးထောက်ပံ့မှုနဲ့ ဆိုရှယ်မီဒီယာပေါ် မိတ်ဖက်တွေ စတင်ရရှိလာခဲ့ပါတယ်။

“ကနဦးမတည်ငွေ $45,000 သုံးမကုန်ခင်လေးမှာ ကျွနု်ပ်တို့ အမြတ်အစွန်းလေး စရလာခဲ့တယ်” လို့ Gee က Business Insider ကို ပြောပြခဲ့ပါတယ်။

ဒီမိသားစုဟာ အခုအခါ ကမ္ဘာပတ်ခရီးသွားနေတာ ၁ နှစ်ကျော်ရှိနေပြီး သူတို့ရဲ့ ဘလော့ခ်နဲ့ ဆိုရှယ်မီဒီယာမှ ရရှိတဲ့ ငွေဝင်ကြောင့် သူတို့မှာ ငွေကြေးအသုံးလိုမယ့် လက္ခဏာ မတွေ့ရပါဘူး။ တကယ်တော့ Snapchat ကနေ ရရှိတဲ့ မီလျှံချီ စုဆောင်းငွေကို တစ်ချက်မှ မထိရသေးဘူးလို့ Gee က ပြောပါတယ်။

“စိတ်ချလက်ချ စုဆောင်ပြီး ရင်းနှီးမြုပ်နှံထားတယ်။ မရှိသလိုပဲ သဘောထားတယ်။ အသက်ငယ်သေးတော့ ကြိုးစားအားထုတ်ရတဲ့ ကျနော့်ရဲ့ ဒီစွန့်ဦးစီးပွားရေးလုပ်ငန်းကို ဆက်ထိန်းထားချင်တယ်။ သက်တောင့်သက်သာနေတာ မကြိုက်ဘူး။ တစ်နေရာတည်းမှာပဲ အခြေချ မနေချင်ဘူး။ ကျနော့်အနေနဲ့ သုညက ပြန်စပြီး ကိုယ့်လမ်းကိုယ် ဖောက်မယ်။ နောက်တစ်ကြိမ်ပေါ့” လို့ သူက ပြောဆိုခဲ့ပါတယ်။

Blog ၊ Youtube နဲ့ Instagram ကနေ သူတို့ရဲ့ The Bucket List Family ကို follow လုပ်ပြီး လှပတဲ့ခရီးသွားဓာတ်ပုံတွေကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*