မေးစေ့အောက်ဖက်မှာရှိနေတဲ့ mask ကိုပျောက်သွားလို့ဆိုပြီး အော်ဟစ်ငိုကြွေးခဲ့တဲ့ မူကြိုကလေးငယ်ရဲ့အဖြစ် (ရုပ်သံ)

နှာခေါင်းစည်း mask တွေဟာ ယခုလို Covid-19 ကူးစက်ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ ကြိုတင်ကာကွယ်နိုင်ဖို့မရှိမဖြစ်လိုအပ်နေတဲ့အရာမှန်း ကလေးငယ်တွေတောင်သိကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံမှကလေးငယ်တစ်ယောက်ဟာ သူ၏နှာခေါင်းစည်း mask ကို ဘယ်နေရာမှာမှ ရှာမတွေ့လို့ဆိုပြီး အော်ဟစ်ငိုကြွေးနေခဲ့ပါတယ် ။ သူ့ရဲ့ နှာခေါင်းစည်းက မေးစေ့အောက်မှာရောက်နေမှန်း လုံးဝသတိမထားမိခဲ့တာပါ ။ ကလေးငယ်ငိုကြွေးနေတာကို မြင်တော့ဆရာမဖြစ်သူက ကလေးငယ်အနားရောက်လာပြီး ဘာလို့ငိုနေတာလဲ ဆိုပြီးမေးမြန်းခဲ့ပါတယ် ။

ထိုအချိန်မှာတော့ ကလေးငယ်ကနှာခေါင်းစည်းပျောက်နေကြောင်းပြောပြခဲ့လို့ ၊ ဆရာမဖြစ်သူက လွယ်အိတ်ထဲမှာ သေချာပြန်ရှာဖို့ပြောပြခဲ့ပါတယ် ။ သို့ပေမဲ့လည်း မတွေ့ဘူးဆိုပြီးငိုနေခဲ့လို့ နှာခေါင်းစည်းကဘာအရောင်လဲဆိုပြီး မေးမြန်းခဲ့ချိန်မှ ” ဒီလို အရောင် ” ဆိုပြီး သူ၏ပန်းရောင်လွယ်အိတ်ကိုထောက်ပြခဲ့ပါတယ် ။

အငိုမတိတ်နိုင်တဲ့ကလေးငယ်ကို နောက်ဆုံးဆရာမက မှန်သွားကြည့်ဖို့ပြောလိုက်ချိန်မှ ကလေးငယ်ဟာ မှန်ကြည့်နေရင်းသူ၏နှာခေါင်းစည်းမှာ မေးစေ့အောက်ရောက်နေမှန်းသိရှိသွားခဲ့ပြီး ချက်ချင်းအငိုတိတ်ကာ ပြုံးပြုံးလေးနဲ့ mask ကိုပြန်တပ်လိုက်ပါတော့တယ် ။

အဆိုပါ video ကို social media ပေါ်ဝေမျှပေးပြီးနောက်မှာတော့ ကလေးငယ်ရဲ့အဖြစ်ကိုလူအတော်အများက ချစ်မဝနိုင်အောင်ဖြစ်ခဲ့ပြီး ၊ အချို့မှာလည်း စိတ်ရှည်သည်းခံလွန်းပြီး ကလေးငယ်ကိုပစ်မထားတဲ့ဆရာမဖြစ်သူကို ချီးကျူ းခဲ့ကြပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*