
ဒီနေ့ခေတ်မှာ လူအများစုဟာ ဆိုရှယ်မီဒီယာ ၊ လူမှုကွန်ရက်တွေကို စွဲစွဲလန်းလန်း အသုံးပြုကြပါတယ် ။ တနေ့ကို လူမှုကွန်ရက် မသုံးဘဲ နေကြည့်တဲ့သူဆိုလို့ ရှားမယ် ထင်ပါတယ်။ Facebook လိုမျိုး လူမှုကွန်ရက်တွေဟာ ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်း ပေး နိုင်ပါတယ်။ ဒါဆိုရင် ဘယ်လိုဆိုးရွားတဲ့ ရလဒ်တွေဖြစ်စေသလဲ ကြည့် ကြည့်ရအောင်။
(၁) စိတ်ဓာတ်ကျခြင်း
သင်ဟာ လူမှုကွန်ရက်ကို တနေ့မှာ၂ နာရီလောက် သုံးမိနေပြီလား။ ဒါဆိုရင်တော့သင်စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်ခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒါဆိုရင် သင့်ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိစေဖို့ ဘယ်နှနာရီသုံးသင့်တယ်ဆိုတာ အကြံပြုထားပါတယ်။ လေ့လာသူတွေ အကြံပြုထားတာကတော့ သင်ဟာ လူမှုကွန်ရက်ကို သုံးချင်တယ်ဆိုရင် တနေ့မှာ နာရီဝက်ပဲ သုံးသင့်ပါ တယ်တဲ့။
(၂) Cyberbullying
လူမှုကွန်ရက်တွေမှာ သင်ဟာ သူစိမ်းတွေနဲ့ သူငယ်ချင်းဖွဲ့လို့ရသလို သင့်ကိုမနာလိုသူတွေက တိုက်ခိုက်တာမျိုးကိုလည်း ခံစားရနိုင်ပါ တယ်။ အွန်လိုင်းက တိုက်ခိုက်တာမျိုးဟာ သေကြောင်းကြံ စေနိုင်တဲ့အထိ ဖြစ်စေပြီး စိတ်ဒဏ်ရာ ခံစားရစေပါတယ်။ ဒီလိုဖြစ်ရပ်မျိုး ကြုံ တွေ့လာ ရင်လည်း သင် တယောက်တည်း မဟုတ်ဘူး ဆိုတာ သတိရပါ ။ သင့် စိတ်ကို သင် သန်မာ အောင် ကြိုးစားရင်း ကျရှုံး သွားတဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရှာဖွေပါ။
(၃) FOMO (Fear of Missing Out )
“Fear of Missing Out” လို့ ခေါ်တဲ့အရာကတော့စိတ်ကျရောဂါနဲ့ ဆင်ပါတယ်။ သူများတွေ အောင်မြင်မှုရနေသလို ပျေ်ာရွှင်နေသလို သင် မပျော်ရွှင်ရမှာ၊ မအောင်မြင်မှာကို တွေးပူနေတာမျိုးပေ့ါ။ သူများတွေရဲ့ ပျော်ရွှင်တဲ့ အချစ်ရေး၊ လူသိများတဲ့ နာမည်ကျေ်ာဘဝကို အားကျပြီး သင်က ဘာမှ ဖြစ်မလာမှာကို ပူပန်နေတာမျိုးပါ ။ သင်ဟာ လူမှုကွန်ရက် များများသုံးလေ ဒီလိုမျိုး ခံစားရနိုင်ချေ များလေပါပဲ။
(၄) ယုတ္တိ မရှိတဲ့ မျှော်လင့်ချက်
Facebook, Instagram, Snapchat စတာ တွေမှာ တွေ့ရတာတွေကို အဟုတ် ထင်ပြီး လက်တွေ့ မကျတာကို မျှော်မှန်း နေတာမျိုးပါ။ သန်းချီ ကြွယ်ဝချမ်းသာလာတဲ့ Youtuber တွေ၊ Instagram က Celebrity တွေကို ကြည့်ပြီး စိတ်ကူးယဉ်နေတာမျိုးကို မလုပ်ဘဲ လက် တွေ့မှာ အနီးစပ်ဆုံး ဖြစ်နိုင်ချေရှိတဲ့ အရာကိုသာ စတင်အကောင်အထည် ဖော်ပါ။
(၅) ကိုယ်ခန္ဓာနဲ့ ပတ်သက်ပြီး ဝေဖန်ခြင်း
သင်ဟာ ဝနေ ပေမယ့် ပေါင်တို ဝတ်ချင်တယ် ၊ ဗိုက်ပေါ် ဝတ်ချင်တယ် ဆိုလည်း ဝတ်ခွင့် ရှိပါတယ်။ လူမှု ကွန်ရက် တွေက ပြုပြင် ထားတဲ့ ပြစ်မျိုး မှဲ့မထင် ကိုယ်လုံးကို စံထားပြီး သင့်အကောင့်မှာ လှောင်ပြောင်တာမျိုးတွေကို ကြုံရတဲ့ အခါ သင်ဟာ ကိုယ့်ကိုယ်ကို ရှက်ရွံ့ သိမ် ငယ်ပြီး ကိုယ်ခန္ဓာအပေါ် အပြစ်မြင်လာတတ်ပါတယ်။
(၆) ကျန်းမာသောအိပ်ချိန်မရှိခြင်း
အိပ်မပျော်သူအများစုက Facebook သုံးမိကာမှ အိပ်ချိန်တွေ ကမောက်ကမ ဖြစ်တာမျိုး ကြုံဖူးကြမှာပါ။ လေ့လာမှုတွေ အများကြီးတွေရဲ့ အဆိုအရ လူမှုကွန်ရက် အသုံးပြုမှုများသူဟာ အိပ်ချိန်နဲ့ ပတ်သက်ပြီး ဆိုးကျိုးတွေ ခံစားရတယ်လို့ ဆိုပါတယ်။
(၇) စွဲလမ်းမှု
အရင်က စာနဲ့အလုပ်ပဲ စိတ်ဝင်စားတဲ့သင်ဟာ လူမှုကွန်ရက် အသုံးများလာတဲ့အခါ တနေ့လောက်မှ Newsfeed မကြည့်ရဘူးဆိုရင် တခုခုလိုနေတယ်လို့ ခံစားရနိုင်ပါတယ်။ မသိမသာ စွဲလမ်းမှုတွေ များလာတဲ့အခါ အနာဂတ် အတွက် ကြိုးစားချိန်တွေ လျော့လာပြီး လူမှုကွန် ရက်ပေါ်မှာသာ တနေ့ တနေ့ အချိန်ဖြုန်း မိတတ်သလို မိသားစု အပေါ်မှာလည်း အချိန်တွေ ပေးနိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့်မို့လို့ “ တန်ဆေး လွန်ဘေး ” ဆိုသလို လူမှုကွန်ရက်၊ ဆိုရှယ် မီဒီယာတွေကို အချိန်တခု သတ်မှတ်ပြီး ဆင်ဆင် ခြင်ခြင် လျှော့ပြီးသုံးကြဖို့ အကြံပြု တိုက်တွန်း ရေးသားလိုက်ပါတယ်။
Source: Irrawaddy
Leave a Reply