ATM စက်ပေါ်မှာ မီးမွှေးပြီးတော့ မီးပြန်ငြိမ်းအောင်ဆိုပြီး သေးနဲ့ ပြန်ပန်းခဲ့တဲ့ တရုတ်ပြည်မှဆယ်ကျော်သက်

ဒီဖြစ်ရပ်ကိုတော့ ရှန်ဟိုင်းမှာရှိတဲ့ အေတီအမ်စက်က CCTV မှာ တွေ့ရှိခဲ့ရတာဖြစ်ပြီးတော့ လူငယ်က အသက် ၁၉နှစ်အရွယ်လောက်ရှိပြီလို့ခန့်မှန်းရပါတယ်။သူဟာ ပထမဦးဆုံးအနေနဲ့ အမဲရောင်ဆော့ပင်နှင့် ကင်မရာကို အရင်ဦးဆုံး ဖုန်းကွယ်ခဲ့ပါတယ်။

သို့သော်လည်း သူမေ့သွားတာကတော့ အနောက်ဘက်မှာ ရှိတဲ့ ကင်မရာနောက်ထပ်တစ်လုံးကိုတော့ သူသတိမရလိုက်ပါဘူး။အဲ့ဒီနောက် သူ့ရဲ့ အိတ်တွေကနေပြီးတော့ တူတစ်ချောင်းကို ထုတ်လိုက်ပြီးတော့ ATM စက်ပေါ်မှာ တင်ထားလိုက်ပါတယ်။နောက် ခွက်သေးသေးပါတဲ့ ဓာတ်ဆီကိုထုတ်ကာ စက်အပေါ်ကိုဖြန်းလိုက်ပြီးတော့ မီးစမွှေးပါတော့တယ်။

အဲ့ဒီနောက်မှာတော့မီးမှာ ပိုမိုအားပြင်းလာတဲ့အတွက်တရားခံဟာ ထိတ်လန့်လာခဲ့ပြီးတော့ မီးကို ငြိမ်းသက်ဖို့ကြိုးစား ခဲ့ပါတယ်။ ဒါပေမယ့် အားအရမ်းကောင်းနေပြီဖြစ်တဲ့မီးဟာ သူလုပ်သမျှကို ကြံ့ကြံခိုင်နေနိုင်တာကြောင့် နောက်ဆုံးမှာ အတွေးအသစ်ရလာခဲ့ပါတော့တယ်။

သူ့ရဲ့ ဘောင်းဘီဇစ်ကိုဖြုတ်လို့ မီးပေါ်ကို သေးပေါက်ချလိုက်ပါပြီ။သူ့ကို ရဲတွေကတော့ အေတီအမ်စက်ဖျက်စီးမှု့ဖြင့် ဖမ်းဆီးခဲ့ပြီးတော့ ပျက်စီးငွေစုစုပေါင်းတန်ဖိုးကတော့ စင်္ကာပူဒေါ်လာ ၂၄၂၈၆ ကျပ်ဘဲဖြစ်ပါတယ်။

သူဘာကြောင့် ဒီလိုလုပ်ရတာလည်းဆိုတာကို မေးကြည့်တော့ ” ကျွန်တော်မှာ ပိုက်ဆံမရှိတာကြောင့် တခြားသူတွေလည်း ပိုက်ဆံတွေဆုံးရှုံးသွားအောင်ပြုလပ်ခဲ့တာဘဲဖြစ်ပါတယ်ဆိုပြီး ပြောပြခဲ့့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*