လူပျင်းတွေအတွက် အဆင်ပြေစေမဲ့ ခေါင်းလျှော်ပေးတဲ့စက်ကို တီထွင်ခဲ့တဲ့အမျိုးသား (ရုပ်သံ)

ပျင်းလွန်းတဲ့လူတွေကတော့ အမြဲတမ်းဆိုဖာပေါ်မှာတာ လဲနေချင်တတ်ကြပြီး ၊ အလုပ်တွေဆိုရင်လည်း ဆိုဖာပေါ်မှာသာ ထိုင်ပြီးလုပ်ချင်တတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံကအမျိုးသားတစ်ယောက်ဟာ ခေါင်းလျှော်ပေးမဲ့စက်ကိုတီထွင်ခဲ့ပါတယ် ။ ယခုခေတ်မှာ အပျင်းထူလွန်းတဲ့လူတွေအတွက်တော့ အတော်လေးကိုဇိမ်ကျစေမှာပါ ။ အဆိုပါစက်မှာ ဆံပင်အခြောက်ခံစက်ပါ ပါရှိပါသေးတယ် ။

ပထမဆုံးကတော့ အဆိုပါစက်ပေါ်အိပ်လှဲချလိုက်ပါ ။ ဘာလို့လဲဆိုတော့ ခုံကနောက်ပြန်လှန်ချရမှာမို့လို့ပါပဲ ။ ဒါပေမဲ့ ရေမနင်အောင်တော့ နှာခေါင်းကိုအဝတ်ညှပ်နဲ့ သေချာပိတ်ပေးရမှာပါ ။ ထို့နောက် ခေါင်းကိုနောက်ပြန်လှန်ချပြီး ရေပုံထဲမှာခေါင်းကိုနစ်ထားကာ ပါးစပ်တွင်လည်း ပိုက်တစ်ချောင်းနှင့်အသက်ရှုရမှာပါ ။

ပြီးရင်တော့ ခုံကိုပြန်လှည့်ပြီး ဆံပင်ကိုအခြောက်ခံလိုက်ရင်ရပါပြီ ။ အဆိုပါအမျိုးသားဟာ အခြားသော ထူးထူးဆန်းဆန်းအသုံးဝင်မည့်ပစ္စည်းလေးတွေကိုလည်း တီထွင်ထားတာကို video မှာတွေ့ရှိရမှာပါ ။

Be the first to comment

Leave a Reply

Your email address will not be published.


*