ပျော်ပွဲစားထွက်လာတဲ့မိသားစုနဲ့အတူ အေးဆေးစွာ လာဝိုင်းဖွဲ့ထိုင်နေခဲ့တဲ့ ချစ်စရာဝက်ဝံ (ရုပ်သံ)

2020 ခုနှစ်ကတော့ တစ်ကယ့်ကိုထူးထွေဆန်းပြားလွန်းတဲ့အဖြစ်အပျက်တွေ တွေ့ကြုံရာနှစ်လို့ပြောရမှာပါပဲ ။ ဒီတစ်ခေါက်မှာလည်း တောထဲကဝက်ဝံတစ်ကောင်ဟာ အပန်းဖြေခရီးထွက်လာခဲ့တဲ့ မိသားစုရဲ့စားပွဲဝိုင်းမှာ အတူလာထိုင်ပြီးစားသောက်ခဲ့လို့ အဆိုပါအဖြစ်အပျက်ဟာ social media ပေါ်မှာ ရေပန်းစားနေလျက်ရှိပါတယ် ။

အသက် 29 နှစ်အရွယ် Kaitlyn Nesbit အမည်ရှိတဲ့ အမျိုးသမီးက အဆိုပါ video ကို TikTok မှာဝေမျှခဲ့လို့ လူအတော်အများက ကိုယ့်မျက်စိကို ကိုယ်မယုံကြည်နိုင်လောက်အောင်ဖြစ်ခဲ့ကြရပါတယ် ။ အဆိုပါမိသားစုဟာ Maryland ပြည်နယ်မှာရှိတဲ့ Deep Creek ရေကန်အနီး ဝိုင်းဖွဲ့စားသောက်နေခဲ့ကြတာပါ ။

အဆိုပါ အပန်းဖြေစခန်းမှတာဝန်ရှိသူတွေရဲ့ပြောပြချက်အရ ဝက်ဝံတွေကိုအနီးအနားဝန်းကျင်မှာ အမြဲတွေ့ရလေ့ရှိပေမဲ့ ၊ လူတွေကိုရန်မူတာမျိုးတော့ မကြုံဖူးသေးကြောင်းပြောပြခဲ့ပါတယ် ။ ထို့ကြောင့် လာရောက်လည်ပတ်သူများကို ဝက်ဝံတွေထိတ်တိုက်တွေ့ခဲ့လျှင် ရုတ်တရက်အလျင်အမြန်မလှုပ်ရှားကြဖို့ နှင့် ကိုယ်နေနေတဲ့နေရာမှာသာ နေဖို့ မှာကြားခဲ့ရပါတယ် ။ Kaitlyn တို့အဖွဲ့ကတော့ ကံကောင်းထောက်မစွာနဲ့ ကြောက်လန့်နေတဲ့ကြားက ဝက်ဝံနဲ့အတူဓာတ်ပုံရိုက်ခွင့်ရခဲ့ပါတယ် ။

ဝက်ဝံရဲ့အပြုအမှုဟာ တည်ငြိမ်လွန်းလှတဲ့အတွက် အဖွဲ့ဝင်တစ်ယောက်က မြေပဲယိုညှပ်ပေါင်မုန့် လုပ်ကျွေးခဲ့ပါသေးတယ် ။ အချို့သောသူများကတော့ တောရိုင်းတိရစ္ဆာန်တွေကို အစားကျွေးခြင်းမျိုးမပြုလုပ်သင့်ကြောင်း ၊ အဆိုပါလုပ်ရပ်ဟာ လူတွေအတွက်သာမက ဝက်ဝံတွေအတွက်ပါ နောက်ပိုင်းအန္တရာယ်ဖြစ်စေနိုင်ကြောင်း ထောက်ပြခဲ့ကြပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*