ဘားမှမလုပ်ဘဲထိုင်နေရုံနဲ့ YouTube မှာ ကြည့်ရှု့သူပေါင်း 2.8 million အထိရရှိခဲ့တဲ့ အမျိုးသား (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံက YouTuber တစ်ယောက်ရဲ့ ကင်မရာရှေ့မှာ ဘားမှမလုပ်ပဲ 2နာရီနဲ့ 2မိနစ်ကြာသည်အထိ ထိုင်နေခဲ့တဲ့ video ဟာ ကြည့်ရှုသူပေါင်း 2.8 million အထိရရှိခဲ့ပါတယ် ။ Muhammad Didit အမည်ရှိတဲ့ YouTuber ဟာ မွေ့ရာရှေ့မှာ နောက်ခံသီချင်းတွေ ၊ မည်သည့်အရာမှ မပါဘဲ ဒီအတိုင်းထိုင်နေခဲ့တာပါ ။

အစပိုင်းမှာတော့ video ကို 10 မိနစ်ဝန်းကျင်သာရိုက်ဖို့စီစဉ်ထားခဲ့ပေမဲ့ သဘောကျလာခဲ့ပြီး အချိန်အတော်ကြာတဲ့အထိရိုက်ကူးဖြစ်ခဲ့တာပါ ။ Video ရိုက်ကူးနေစဉ် အနှောင့်အယှက်ကင်းအောင် ၊ video မရိုက်ခင် အစားအသောက်တွေစားထားပြီး ၊ သန့်စင်ခန်းအရင် ဝင်ထားခဲ့ကြောင်း ပြောပြခဲ့ပါတယ် ။ အဆိုပါ video မျိုးရိုက်ယူဖို့ အကြံဉာဏ်ရရှိခဲ့တာက Didit ရဲ့ follower အချို့က လူငယ်တွေအတွက်ပညာရေးနဲ့ပက်သက်တဲ့အကြောင်းအရာတွေထည့်ဝင်ပေးဖို့ တောင်းဆိုခဲ့ကြရင်းနဲ့ အကြံရရှိခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

” ဒီ video ရဲ့အကျိုးကျေးဇူးအကြောင်းကို ကျွန်တော်တို့ပြောကြမယ်ဆိုရင် အကုန်လုံးက ကြည့်ရှုသူတွေရဲ့ စဉ်းစားတွေခေါ်မှုပေါ်မူတည်နေမယ်ထင်ပါတယ် ၊ ဒါကတော့ ကျွန်တော်အကြံပေးတာပါ ၊ ဒီ video ကနေ သုတနဲ့ ရသတွေရရှိမယ်လို့ မျှော်လင့်မိပါတယ် ” ဆိုပြီး Didit ကပြောပြသွားခဲ့ပါတယ် ။

အဆိုပါ video က အတော်လေးကိုအောင်မြင်သွားခဲ့ပြီး ကြည့်ရှုသူတစ်ဦးက ” ဒီလူက လုံးဝဉာဏ်ကြီးရှင်ပဲ ၊ ဘာလုပ်ပြရမလဲလို့ နာရီပေါင်းများစွာ နေ့ရက်ပေါင်းများစွာစဉ်းစားနေရတာ အခြား Youtuber တွေကို အနိုင်ပိုင်းလိုက်တာပဲ ပြီးတော့သူက 2နာရီလောက် ဘားမှမလုပ်ဘဲ ပိုက်ဆံတွေအများကြီးရှာလိုက်နိုင်တယ် ” ဆိုပြီး comment ရေးသွားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*