လေယာဉ်မယ် အဖြစ်မှ ထုတ်ပယ်ခံခဲ့ရတဲ့ အကြောင်းကို ရှင်းပြခဲ့တဲ့ မိန်းမချောလေး

ကမ္ဘာကျော် Emirates Fly လေကြောင်းလိုင်းမှာ လေယာဉ်မယ်အဖြစ် အသက်မွေးဝမ်းကြောင်း ပြုခဲ့တဲ့ Ciara Burke အမည်ရ အသက် 23 နှစ်အရွယ် မိန်းမပျိုလေးဟာ မိမိကို လေယာဉ်မယ်ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်း အကြောင်းရင်းကို ရှင်းပြခဲ့ပါတယ်။ သူမဟာ သြစတေးလျနိုင်ငံ၊ Perth ဇာတိဖွားဖြစ်ပြီး၊ ဒူဘိုင်းမှာ အလုပ်အတွက် ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။

သူမဟာ လေယာဉ်မယ်အဖြစ် စတင်တာဝန်ထမ်းဆောင်လို့ မကြာမီမှာ ချော်လဲခဲ့လို့ ခြေထောက်ကျိုးခဲ့ရပါတယ်။ တကယ်ဆိုရင် လေကြောင်းကုမ္မဏီက သူမရဲ့ ဆေးဖိုးကုန်ကျစာရိတ်ကို ထောက်ပံ့ခြင်းအားဖြင့်တောင် ချီးမြောက်ရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် Bruke ဟာ သူမ တက်ရောက်နေဆဲ Emirates Aviation College မှလည်း ထုတ်ပယ်ခံခဲ့ရပါတယ်။

တကယ်တော့ သူမဟာ တာဝန်ထမ်းဆောင်နေချိန်မှာ ဒေါက်ဖိနပ်ကြောင့် ခြေထောက်လည်ကာ ဒူးကျိုးသွားခဲ့ခြင်း ဖြစ်ပြီး၊ ဒီအခြေအနေကြောင့် ကုမ္မဏီပိုင်လေကြောင်းကောလိပ်က ချီးမြင့်မယ့် ဘွဲ့ကိုလည်း လွဲချော်ခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ ဘွဲ့ကို ရရှိပါက Bruke ဟာ အချိန်ပြည့် လေယာဉ်မယ်ဘဝကို တက်လှမ်းနိုင်မှာပါ။

ဒေါက်မြင့်ဖိနပ်ဟာ Emirates မှ သတ်မှတ်ထားတဲ့ လေယာဉ်မယ်တွေ မဖြစ်မနေ ဝတ်ဆင်ရမယ့် ယူနီဖောင်းထဲမှာ ပါဝင်ပြီး၊ သူမကို မည်သည့်ကြိုတင်အကြောင်းကြားမှုမှ မပြုလုပ်ခဲ့ဘဲ၊ အကြောင်းပြချက်မဲ့ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ဒူကျိုးတဲ့ဒဏ်ရာ သက်သာသွားပြီဖြစ်ပေမယ့်၊ ခါးက နာနေဆဲလို့ သိရပါတယ်။ မတော်တဆဖြစ်ပြီး၊ ဆေးရုံခုတင်ထဲ လဲနေချိန်မှာပင် သူမကို တာဝန်ရှိသူတွေက အလုပ်မှထုတ်ပယ်ကြောင်း အကြောင်းကြားခဲ့ပြီး၊ မိမိဘာသာ မတော်တဆဖြစ်တာမို့ ကုမ္မဏီမှ မည်သည့်စာရိတ်မျှ ကျခံမည်မဟုတ်ဖူးလို့ အကြောင်းကြားခဲ့ပါတယ်။

Bruke ဟာ မည်သည့်စောဒကမှ တက်ခွင့်မရှိခဲ့ပါဘူုး။ အကြောင်းကတော့ အလုပ်သမားအကာအကွယ်ပေးရေးအဖွဲ့ဆိုတာ ဒူဘိုင်းမှာလုံးဝမရှိလို့ ဖြစ်ပါတယ်။ အခုတော့ သူမဟာ မွေးရပ် Perth ကို ပြန်လည်ရောက်လာခဲ့ပြီဖြစ်ပြီး၊ လောလောဆယ် အနားယူကာ မိမိဘဝအတွက် အာမခံချက်ရှိနိုင်မယ့်အလုပ်ကို စောင်ေ့မျှာ်နေတယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး၊ လေကြောင်းကုမ္မဏီကို သတင်းစာတွေက ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူတို့က လေကြောင်းဝန်ထမ်းများစွာအနက် တစ်ဦးတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စရပ်တွေကို ဘာမှမပြောလိုကြောင်း ဆိုပါတယ်။ သတို့ထုတ်ပြန်ချက်ထဲမှာ စမ်းသပ်ကာလမှာ ယာယီဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်အကိုင်အခွင့်အလန်းဟာ အာမခံချက်မရှိကြောင်း ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*