ကျောင်းနောက်ကျလို့ အပြစ်ပေးခံခဲ့ရတဲ့ မလေးရှားနိုင်ငံကကျောင်းဆရာများ

မလေးရှားနိုင်ငံမှာ ယခုသီတင်းပတ်အတွင်း ဆရာများနေ့ကို နိုင်ငံအနှံ့မှာရှိသော ကျောင်းတိုင်းမှာ ကိုယ့်နည်း ကိုယ့်ဟန်လေးတွေနှင့် ကျင်းပနေကြပါတယ်။ ကျောင်းတစ်ကျောင်းကတော့ ထူးခြားစွာနဲ့ “back to school” ဆိုတဲ့ ခေါင်းစဉ်နှင့် ဆရာများနေ့ကိုကျင်းပဖို့အတွက် စီစဉ်ထားခဲ့ကြပါတယ်။

ဒီလို အစီအစဉ်ရဲ့ ခပ်မိုက်မိုက် ဓာတ်ပုံတချို့ကတော့ အွန်လိုင်းပေါ်မှာ လူကြိုက်များနေခဲ့ပါတယ်။ ၎င်းဓာတ်ပုံတွေ ကတော့ ကျောင်းဆရာတွေက အဲ့ဒီဆရာများနေ့တစ်နေ့လုံးမှာ ကျောင်းသားတစ်ယောက်လို ပြုမှုနေထိုင်နေကြတဲ့ ပုံတွေဘဲဖြစ်ပါတယ်။ ဆရာတွေ ကျောင်းပြန်တက်ကြသည်ပေါ့။ ကြည်နူးစရာကောင်းတဲ့ အတွေးလေးပါဘဲ။

ပထမဦးဆုံးမြင်ရမယ့် ပုံမှာတော့ ကျောင်းဆရာသုံးယောက်ဟာ ကျောင်းနောက်ကျတဲ့ ကျောင်းသားတွေအသွင်နှင့် ဂိတ်တံခါးပိတ်ထားခဲ့တာကြောင့် ကျောင်းဘေးဘက်နံရံတွေကနေ ကုတ်တွယ်တက်လာတာ ကိုမြင်တွေ့ရမှာ ဘဲဖြစ်ပါတယ်။

ဒီလိုမြင်ကွင်းမျိုးကိုတော့ ကျောင်းသားတွေကြားထဲမှာ အမြဲမြင်တွေ့နေရမှာဘဲဖြစ်ပါတယ်။ ဒီလိုနဲ့ ကျောင်းဘေးနံရံ ကနေဆင်းလို့ ကျောင်းထဲကို၀င်ရောက်ခဲ့ကြပါတယ်။ ကံမကောင်းချင်တော့ ကျောင်းထဲအဝင်မှာဘဲ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ကဆရာနှင့်တွေ့ပြီးတော့ နောက်ကျတဲ့ ကျောင်းသားတွေကို အပြစ်ပေးတဲ့ ထုံးစံအတိုင်း အပြစ်ပေးတဲ့ ပုံလေးကို ပျော်ရွှင်စရာ သရုပ်ဖော်ထားကြပါတယ်။

အပြစ်ပေးတဲ့ပုံကတော့ ဟောခန်းမမှာ မိန့်ခွန်းပြောနေတုန်း ကျောင်းနောက်ကျတဲ့ အတန်းသားတွေကို အားလုံးရဲ့ ရှေ့မှာမျက်နှာမူပြီး ထိုင်ခိုင်းထားတာဘဲဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့ ဆရာများနေ့ကတော့ တကယ်ကို ချစ်ဖို့အရမ်းကောင်းတဲ့ အတွေးအခေါ်နဲ့ ပြုလုပ်ကျင်းပခဲ့ပြီး အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*