အစားအသောက်မမှာယူခင် ဆိုင်ရှေ့မှာအရင်ဦးဆုံး ကိုယ်အလေးချိန် ချိန်ခိုင်းခဲ့တဲ့ စားသောက်ဆိုင် (ရုပ်သံ)

တရုတ်နိုင်ငံ ၊ Hunan ပြည်နယ်မှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်ဟာ ဆိုင်သို့ရောက်ရှိလာတဲ့ customer တွေကို အစားအသောက်ဘယ်လောက်ဝန်းကျင်မှာယူသင့်သလဲဆိုတဲ့ အရင်ဆုံးကိုယ်အလေးချိန် ချိန်ခိုင်းပြီးမှ မှာယူခိုင်းခဲ့လို့ဆိုပြီး social media ပေါ်မှာ ပြန်လည်တောင်းပန်ခဲ့ရပါတယ် ။ ပြီးခဲ့တဲ့ August 13 ရက်နေ့က Changsha မြို့မှာရှိတဲ့ Chuiyan Fried Beef စားသောက်ဆိုင်ဟာ ဆိုင်အပြင်ဖက်မှာရှိတဲ့ ဝိတ်ချိန်စက်ကို ပြန်ဖယ်ထုတ်ခဲ့ရလို့ online ပေါ်မှာ အတော်လေးလူစိတ်ဝင်စားမှု ရရှိခဲ့ပါတယ် ။

အလေးချိန်စက်အနီးမှာတော့ ကိုယ့်ရဲ့ကိုယ်အလေးချိန်နဲ့ ပက်သက်ပြီး အစားအသောက်မည်မျှဝန်းကျင်မှာယူသင့်ကြောင်းစတဲ့ အကြံပေးထားတဲ့ ဆိုင်းဘတ်ငယ်လေးကို ထောင်ထားပါတယ် ။ ဥပမာပြောရရင် မိန်းကလေးတစ်ယောက်က ကိုယ်အလေးချိန်ဟာ ကိုယ်အလေးချိန်ဟာ40kg ဝန်းကျင်လောက်ရှိနေခဲ့မယ်ဆိုရင် ဟင်းပွဲ 2မျိုးခန့်မှာယူသင့်ပြီး ၊ ယောင်္ကျားလေးတစ်ယောက် ကိုယ်အလေးချိန် 70-80 kg ဝန်းကျင်ခန့်ရှိပါက ဟင်းပွဲ 3ပွဲခန့်မှာယူသင့်ကြောင်း အကြံပေးထားတာပါ ။

ယခုလိုနည်းလမ်းမျိုးနဲ့ Customer တွေကို မိတ်ဆတ်ပေးရတာကလည်း တရုတ်နိုင်ငံဟာ အစားအသောက်ကို ဖြုန်းတီးပြီး စွန့်ပစ်နေမှုဟာ အတော်လေးကိုမြင့်မားလာလို့ တရုတ်သမ္မတ Xi Jinping က အရေးယူမှုများ စတင်ဆောင်ရွက်နေ၍ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်က ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။

ဆိုင်ပိုင်ရှင်ကတော့ ” ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က အစားအသောက်တွေ အလဟဿမဖြစ်အောင်ပါ ၊ Customer တွေကိုလည်း ကိုယ်အလေးချိန် ချိန်ဖို့အတင်းမတိုက်တွန်းရပါဘူး ၊ မိန်းကလေးအတော်များများက သူတို့ဘာသာကိုယ်အလေးချိန် ချိန်ပါတယ် ၊ သူတို့ရဲ့ body weight ကို ဖုန်းတွေဆီကိုသာ ပို့ပေးခဲ့လို့ သူတို့ရဲ့ကိုယ်ရေးကိုယ်တာ privacy ကို ချိုးဖောက်တာမျိုး မရှိပါဘူး ” ဆိုပြီး ရှင်းပြခဲ့ပါတယ် ။ သို့ပေမဲ့ ယခုလိုကိစ္စနဲ့ပက်သက်ပြီး စိတ်အနှောက်အယှက်ဖြစ်ခဲ့ကြရင်လည်း လေးလေးနက်နက်တောင်းပန်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*