28နှစ်အရွယ် အပျိုမိန်းကလေးဟန်ဆောင်ပြီး ချစ်သူကောင်လေးထံ ငွေအမြောက်အများလိမ်စားခဲ့တဲ့ 42နှစ်အရွယ်အမျိုးသမီး

တရုတ်နိုင်ငံမှာနေထိုင်တဲ့ အသက် 42 နှစ်အရွယ်အမျိုးသမီးဟာ ကိုယ့်ကို 28နှစ်အရွယ်မိန်းကလေးဆိုပြီး ဟန်ဆောင်ကာ ချစ်သူကောင်လေးထံ ငွေ 6million ယွမ် လိမ်စားခဲ့ပါတယ် ။ Ms Wang Jingjing အမည်ရှိတဲ့ အဆိုပါအမျိုးသမီးဟာ အသက် 30 အရွယ် Mr Li Xiaoqing အမည်ရှိတဲ့ ချစ်သူကောင်လေးထံအား သူမရဲ့အလုပ်အကိုင်အောင်မြင်အောင် 2016 ခုနှစ်ကနေ 2017 ခုနှစ်အထိ ငွေကြေးအမြောက်အများ သူမထံပေးပို့ခိုင်းခဲ့ပါတယ် ။ သူမကတော့ ရင်းနှီးမြုပ်နှံမှုအတွက် ငွေလိုအပ်လိုပါဆိုပြီး ခိုင်ခိုင်မာမာပြောဆိုခဲ့တာပါ ။

နောက်ဆုံးမှ Mr Li ရဲ့အစ်ကိုဖြစ်သူက မိသားစုစီးပွားရေးလုပ်ငန်းမှာ ငွေပေါင်းမြောက်များစွာပျောက်ဆုံးနေကြောင်း ပြောဆိုခဲ့ချိန်မှာမှ Mr Li က ရိပ်မိသွားခဲ့ပြီး ရဲစခန်းသို့တိုင်ကြားခဲ့တာပါ ။ အစပိုင်းမှာ ရဲအရာရှိတွေကလည်း ရှာဖွေစစ်ဆေးပေးဖို့ခက်ခဲနေတဲ့အချိန်မှာ Ms Wang ဟာ မိတ်ကပ်ထူထူလိမ်းလေ့ရှိပြီး အတော်ဝတ်စားတတ်တဲ့သူဖြစ်ကြောင်း Mr Li ကပြောပြခဲ့ပါတယ် ။

April 3 ရက်နေ့မှာမှ ရဲအရာရှိများက သူမကို Shenzhen မြို့ရဲ့ဆင်ခြေဖုံးရပ်ကွပ်ရှိ ငှါးရမ်းထားတဲ့တိုက်ခန်းငယ်လေးမှာ ဖမ်းဆီးမိခဲ့တာပါ ။ စစတွေ့ချင်းမှာ ချစ်သူကောင်လေးတောင် သူမကိုမမှတ်မိခဲ့ပါဘူး ။ ဆက်လက်စစ်ဆေးခဲ့ချိန်မှာမှ သူမဟာ 1965 ခုနှစ်မွေးဖွားခဲ့သူမှန်းသိရှိခဲ့ရတာပါ ။

Ms Wang က ပြီးခဲ့နှစ်က မက်ဆီကိုမှာ သူမလောင်းကစားပြုလုပ်ရင်း ငွေ 6 million ယွမ် ရှုံးခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတော့တယ် ။ ထို့ကြောင့် ရဲအရာရှိများက အင်တာနက်အသုံးပြုသူများအနေဖြင့် online ပေါ်မှာ ခင်မင်တဲ့သူငယ်ချင်းတွေ ၊ မိတ်ဆွေတွေကို ယုံကြည်စွာငွေငှါးရမ်းမှုများ မပြုလုပ်ကြဖို့ သတိပေးခဲ့တဲ့အပြင် ၊ လိမ်စားသူများအား တွေ့ဆုံကြုံ့ကြိုက်မိပါက ချက်ချင်းဆက်သွယ်တိုင်ကြားကြဖို့ သတိပေးပြောဆိုခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*