ထူးဆန်းတဲ့ သတို့သားလောင်းကြောင့် လက်ဝှေ့ပွဲအဖြစ် ပြောင်းလဲသွားခဲ့ရတဲ့ မင်္ဂလာပွဲ

အိန္ဒိယနိုင်ငံ၊ ဆာရန်ပြည်နယ်က မင်္ဂလာပွဲတစ်ခုမှာ သတို့သားလောင်းဖြစ်သူရဲ့ ထူးဆန်းတဲ့ အပြုအမူတွေ ကြောင့် မင်္ဂလာပွဲပျက်ခဲ့ရတဲ့ အပြင် နှစ်ဖက်မိသားစု ဝင်တွေကြား အကြီးကျယ်ပြသနာတက်ခဲ့ရမှု တစ်ခုဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။သတို့သားလောင်းဖြစ်သူဟာ ထူးဆန်းစွာပဲ မိုးကြိုးပစ်ခံရမှာကို ကြောက်ရွံနေခဲ့တာ ဖြစ် ပြီး သတို့သားရဲ့အပြုအမူကြောင့် သတို့သမီးဘက်က စိတ်ပျက်လာကာ မင်္ဂလာပွဲကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။အဆိုပါ မင်္ဂလာပွဲဖြစ်သိမ်းရန်တောင်ဆိုးချက်ကြောင့် နှစ်ဘက်မိသားစုဝင်တွေ ကြား ပြဿနာတွေ ကြီးထွားလာခဲ့ရတာပဲ ဖြစ်ပါတယ်။

သတို့သားလောင်းကတော့ သူရဲ့လယ်ကွင်းအနီးမှာ မိုးကြိုးပစ်မှုတခုဖြစ်ပွားပြီးတဲ့နောက်မှာ သူစိမ်း တယောက်လို ပြောင်းလဲသွားခဲ့ပြီး ထူးဆန်းတဲ့အမူအရာတွေကို စတင်လုပ်ဆောင်တာဖြစ်တယ်လို့ သတို့သမီးဘက်က မိသားစုဝင်တွေကရဲတပ်ဖွဲကိုပြောပါတယ်။ဒီလိုပြောင်းလဲမှုတွေကြောင့် သတို့သမီးက သူနဲ့စေ့စပ်ထားပြီးဖြစ်တဲ့ အမျိုးသားနဲ့ လက်ထပ်ဖို့ကို ငြင်းဆန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သတို့သမီးနဲ့ သတို့သားလောင်းတွေဟာ ရိုးရာ ဘုန်းတော်ကြီးတွေရှေ့မှာ မင်္ဂလာပွဲဆိုင်ရာ ထုံတမ်းအစဉ်အလာအချို့ကို ပြုလုပ်ခဲ့ပြီးပြီးဖြစ်တာကြောင့် မင်္ဂလာပွဲဖျက်သိမ်းရန် သတို့သားဘက်က ဆွေမျိုးတွေက သဘောမတူခဲ့တာပဲ ဖြစ်ပါတယ်။

သတို့သမီးကတော့ လက်ထပ်ပွဲကို တဖက်သတ်ငြင်းဆန်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ မိသားစုနှစ်စုကြား ရန်ပွဲ ကြီးဖြစ်ပွားခဲ့ပြီး သတို့သမီးဘက်က ဆွေမျိုးတွေက သတို့သားဘက်က လူတွေကို စတင်ရိုက်နှက်ခဲ့တဲ့အထိ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ဒီရန်ပွဲမှာ ပါဝင်ပတ်သတ်နေတဲ့ သတို့သမီးဘက်က အမျိုးသား သုံးသီးကို ဖမ်းဆီး ထားတယ်လို့ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။အိန္ဒိယနိုင်ငံတွင်းက မင်္ဂလာအခမ်းအနားတွေဟာ လူပေါင်းမျာစွာ ပါဝင်ဆင်နွဲလေ့ရှိတဲ့ ကြီးမားတဲ့ လူမှုရေးအခမ်းအနားတစ်ခုဖြစ်ပြီး တစ်ခါတစ်လေ ထူးခြားတဲ့ ပြသနာတွေကြောင့် မင်္ဂလာပွဲတွေပျက်စီး လေ့ရှိတယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*