ရည်းစားဟောင်းကို ငိုအောင်လုပ်ချင်လို့ ပေါင်ချိန် 2,000 အလေးချိန်ရှိတဲ့ ကြက်သွန်နီကို နေအိမ်အထိပို့ခဲ့တဲ့ မိန်းကလေး

တရုတ်နိုင်ငံ Shandong ပြည်နယ်မှ မိန်းကလေးတစ်ယောက်ဟာ သူမရဲ့ချစ်သူကောင်လေးနှင့်လမ်းခွဲပြီး3ရက်လောက်ငိုကြွေးခဲ့ရလို့ လက်စားချေတဲ့အနေနဲ့ ချစ်သူဟောင်းရဲ့နေအိမ်သို့ ကြက်သွန်နီ ပေါင်ချိန် 2,000 ပို့ခဲ့ပါတယ် ။

Zhao လို့အမည်ရတဲ့အဆိုပါမိန်းကလေးဟာ ကြက်သွန်နီရောင်းသမားထံ ကြက်သွန်နီ အော်ဒါမှာပြီးနောက် ချစ်သူဟောင်းရဲ့နေအိမ်သို့ပို့စေခဲ့ပြီး ကောင်လေးကနေအိမ်မှာမရှိပါက သူ့အိမ်ရဲ့တံခါးဝမှာချထားပေးဖို့ တောင်းဆိုခဲ့ကြောင်း သိရှိရပါတယ် ။ ထို့အပြင် ကြက်သွန်နီအိတ်ပေါ်မှာ ” နင်ငါ့ကို 3 ရက်လောက်ငိုအောင်လုပ်ခဲ့တယ် ၊ အခုနင့်အလှည့်ပဲ ” ဆိုတဲ့ စာသားကိုပါရေးသားထားခဲ့ပါသေးတယ် ။

သူမရဲ့ချစ်သူကောင်လေးကို လက်စားချေတဲ့နည်းလမ်းဟာ အသုံးဝင် ၊ မဝင်တော့ မသိပါဘူး ။ ကြက်သွန်နီပို့ပေးတဲ့ အရောင်းသမားကတော့ အခေါက် 40 ခန့်ကြက်သွန်နီကို သယ်မပို့ဆောင်ပေးခဲ့ရလို့ 5နာရီခန့်ကြာမြင့်ခဲ့ကြောင်းသိရှိရပါတယ် ။ ကြက်သွန်နီပို့ပေးခဲ့သူကတော့ ‘သူ့ရည်းစားဟောင်းက ငိုလား ၊ မငိုလားတော့မသိဘူး ၊ ကျွန်တော်တော့ ခါးကျိုးလောက်အောင် အလုပ်လုပ်ခဲ့ရပါတယ်’ ဆိုပြီးပြောပြခဲ့ပါတယ် ။

ကြက်သွန်နီတွေ အမြောက်အများလက်ခံရရှိခဲ့တဲ့ချစ်သူကောင်လေးကတော့ အဆိုပါကြက်သွန်နီတွေကို ဘယ်လိုအသုံးချခဲ့လည်းဆိုတာ သေချာမသိရပါဘူး ။

Be the first to comment

Leave a Reply

Your email address will not be published.


*