သင့်အသည်း ပျက်စီးနေပြီဆိုတာ သိသာနေတဲ့ အရေးကြီးလက္ခဏာ (၇)မျိုး

ခန္ဓာကိုယ် အတွက် အရမ်းအရေးကြီးတဲ့ အသည်း မပျက်စီးခင်မှာကုသနိုင်အောင် အသည်းမှာ ရောဂါ တစ်ခုခုဖြစ်ရင် ကြုံရတတ်တဲ့ ရှေ့ပြေးလ က္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) မျက်လုံးနဲ့အသားအရောင်ဝါလာခြင်း

အသားအရေနဲ့ မျက်လုံးတွေ ဝါနေတယ်ဆိုရင် အသည်းက ပြဿနာ တစ်ခုခုဖြစ်နေပါပြီ။ တကယ်လို့ တံတွေးတွေကပါ ဝါကျင်ကျင်အရောင်ပြောင်းလာပြီဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းသွားပြသင့်တဲ့ အခြေအနေဖြစ်နေပါပြီ။

 

(၂) ဝမ်းဗိုက်အလွန်ဖောင်းလာခြင်း

ဝမ်းဗိုက်နေရာက အမြဲလိုလို ဖောင်းနေတယ်၊ နေရထိုင်ရတာလည်း သက်တောင့် သက်သာမရှိဘူး၊ အမြဲလိုလို ပြည့်အင့်တဲ့ ခံစားချက်မျိုး ဖြစ်နေတယ်၊ကိုယ်ဝန်ဆောင်တစ်ယောက်လို့ ထင်ရလောက်အောင် ဝမ်းဗိုက်က ဖောင်းနေတယ်ဆိုရင်လည်း အသည်းကြောင့် ဖြစ်နိုင်ပါ တယ်။အသည်းက သူ့ဆီ ဝင်ရောက်လာတဲ့ အရည်တွေကို ကောင်းကောင်း မစစ်ထုတ်နိုင်တဲ့အခါ တခြားအစိတ်အပိုင်းတွေဆီ အရည်တွေ ရောက်လာပြီး ရောင်ရမ်းခြင်းကိုဖြစ်စေတာပါ။အသည်းမကောင်းတဲ့အခါ ဝမ်းဗိုက်အပြင် ခြေထောက်နဲ့ ခြေကျင်းဝတ်တွေပါ ရောင်ရမ်း တတ်ပါတယ်။

(၃) ကိုယ်အလေးချိန်ရုတ်တရက်ကျဆင်းခြင်း

ဝမ်းဗိုက်က ပြည့်အင့်နေသလိုခံစားချက်မျိုးအမြဲဖြစ်နေပြီး အစားစားချင် စိတ်လည်း မရှိတာမျိုး၊ အစားစားလိုက်တာနဲ့ ဗိုက်အောင့်တာမျိုး တွေဖြစ်နေတော့ပုံမှန်မစားသောက်ဖြစ်တော့ဘဲ ကိုယ်အလေးချိန် ကျဆင်းလာပါတယ်။ဘာမှမစားထားဘဲ အချိန်တိုင်းပြည့်အင့်နေပြီး အ စားစားချင်စိတ် မရှိတာမျိုး၊ကိုယ်အလေးချိန် သိသိသာသာကျဆင်းလာတာမျိုးတွေဖြစ်လာရင် ဆေးစစ်သင့်ပါတယ်။

 

(၄) အရေပြားပေါ်မှာ သွေးကြောပြတ်ရာတွေ ပေါ်လာခြင်း

အသည်းမကောင်းတဲ့အခါ အရေပြားအောက်မှာ ကပ်ရက်ရှိနေတဲ့ သွေးလွှတ်ကြောမျှှင်လေးတွေကို ပျက်စီးစေနိုင်တာကြောင့် အရေပြား ပေါ်မှာသွေးကြောပြတ်ရာလေးတွေ ပေါ်လာတတ်ပါတယ်။ ရင်ဘတ်၊ လက်၊ လည်ပင်း နဲ့ မျက်နှာတွေမှာ သွေးကြောပြတ်ရာတွေ တွေ့ လာရင် အသည်းရောဂါရှိ/မရှိ အမြန်စစ်ဆေးပါ။

(၅) သွေးခြေဥလွယ်ခြင်း

အသည်းမှာ ပြဿနာတစ်ခုခု ရှိတဲ့အခါ ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေကို ပရိုတင်းထောက်ပံ့မှု နည်းသွားပါတယ်။ အဲ့ဒီအခါ သွေး ကြောမျှင်လေးတွေမှာသွေးခဲခြင်းဖြစ်လာပြီး အတွင်းပိုင်းမှာ သွေးယိုစိမ့်မှုတွေဖြစ်လွယ်စေပါတယ်။အဲ့ဒီတော့ တစ်ခုခုနဲ့ ထိခိုက် မိတာနဲ့ သွေးခြေဥသွားပြီး လွယ်လွယ် နဲ့ မပျောက်တော့တာမျိုးဖြစ်တတ်ပါတယ်။

(၆) ဆီးအရောင်အရမ်းရင့်လာခြင်း

လူတစ်ယောက်ထဲမှာတောင် ဆီးအရောင်က အမြဲတမ်းတော့ တူမနေနိုင်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် အရောင်တွေကွဲပြားနေမှာပါ။ဒါပေမယ့် အမြဲတမ်းလိုလို ရှိသင့်တဲ့ အရောင်ထက် ရင့်တဲ့အရောင်ဖြစ်နေတာမျိုး၊တခါတလေ အညိုရောင်၊ လိမ္မော်ရောင် နဲ့ အဝါရောင်ရင့် ရင့်တွေဖြစ်လာရင်တော့အသည်းမှာ Bilirubin လို ခေါ်တဲ့ ပစ္စည်းတွေ အရမ်းပိုလျှံနေတာကြောင့်လို့ ပြောရမှာပါ။

 

(၇) အရေပြားပေါ်မှာ ပုံမှန်ထက်ယားယံခြင်း

ရေချိုးဆပ်ပြာနဲ့ မတည့်လို့ပဲဖြစ်ဖြစ်၊ အရေပြားခြောက်သွေ့တာကြောင့်ပဲဖြစ်ဖြစ် ယားယံတတ်ပါတယ်။ အဲ့ဒါမျိုးက ပုံမှန်ပါ။ ဒါပေမယ့် ည အိပ်တဲ့အခါတစ်ကိုယ်လုံး မခံမရပ်နိုင်အောင် ယားတာမျိုး၊အစားအစာတွေ တော်တော်များများနဲ့ ဓာတ်မတည့်ဖြစ်လာတာမျိုးတွေ ကြုံ လာရင်တော့

အသည်းမကောင်းတာကြောင့်ဖြစ်နိုင်ပါတယ်။အသည်းဆိုတာ ခန္ဓာကိုယ်ထဲ မှာ အလုပ်တွေ အများဆုံးလုပ်ရတဲ့ ကိုယ် တွင်း အင်္ဂါတစ်ခုဖြစ်ပြီးအသည်းမှာ ရောဂါတစ်ခုခုဖြစ်ရင် လူကို အချိန်တိုအတွင်း သေဆုံးစေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။အသည်းပျက်စီးလာတဲ့အခါ စောစောသိရင် ကုသဖို့ဖြစ်နိုင်ပေမယ့် သိတာနောက်ကျခဲ့ရင်တော့ ကုသဖို့ မလွယ်တော့ပါဘူး။

 

source:healthnet

 

Be the first to comment

Leave a Reply

Your email address will not be published.


*