သတို့သားက မင်္ဂလာပွဲမှာဒူးနှစ်ဖက်ထောက်ပြီးလက်ထပ်ခွင့်တောင်းလို့ဆိုပြီး စိတ်ဆိုးကာလက်ထပ်ဖို့ငြင်းပယ်ခဲ့တဲ့ မိန်းကလေး (ရုပ်သံ)

တရုတ်နိုင်ငံမှ အမျိုးသားတစ်ယောက်ဟာ မှားယွင်းတဲ့ပုံစံနဲ့သူ့ရဲ့သတို့သမီးလောင်းကို လက်ထပ်ခွင့်တောင်းမိခဲ့လို့ ငြင်းပယ်ခြင်းခံခဲ့ရပါတယ် ။ Video ထဲမှာတော့ သတို့သားဟာ သတို့သမီးရှေ့မှာဒူးနှစ်ဖက်လုံးထောက်ပြီး လက်ထပ်ခွင့်တောင်းခဲ့တာပါ ။ ထိုအချိန်မှာတော့ သတို့သမီးရဲ့မျက်နှာပျက်သွားခဲ့ပြီး လုံးဝကိုမပျော်ရွှင်တော့တဲ့ရုပ်အဖြစ်ပြောင်းသွားခဲ့ပါတယ် ။ ထိုအချိန်မှ ပွဲလာဧည့်သည်များက သတို့သားကို ဒူးတစ်ဖက်တည်းသာထောက်ပြီး လက်ထပ်ခွင့်ပြန်တောင်းဖို့ အကြံအဉာဏ်ပေးခဲ့ရပါတော့တယ် ။

Video ထဲမှာတော့ အနီရောင်ကော်ဇောထက်မှာ ရပ်နေတဲ့သတို့သမီးကို သတို့သားက အနီရောင်နှင်းဆီပန်းစည်းနဲ့ ဒူးနှစ်ဖက်လုံးထောက်ပြီး လက်ထပ်ခွင့်တောင်းနေခဲ့တာပါ ။ သတို့သမီးကတော့ မပျော်ရွှင်တဲ့ရုပ်နဲ့ အချိန်အတော်ကြာသည်အထိ အဆိုပါပန်းစည်းကိုလက်မခံဘဲ ငြင်းနေခဲ့တာပါ ။ ထိုအချိန်မှ အနီးအနားမှလူများက ဒူးတစ်ဖက်သာထောက်ပြီး လက်ထပ်ခွင့်ထပ်တောင်းဖို့ သတို့သားကိုအားပေးခဲ့ရပါတယ် ။

အဆိုပါ video ဟာ အတော်လေးကိုရေပန်းစားသွားခဲ့ပြီးနောက် အချို့သောသူများက “ဒီစုံတွဲလက်ထပ်ပြီး မကြာဘူး ကွာရှင်းကြမဲ့ပုံပဲ ” ” သတို့သမီးက အဲ့လောက်ထိမှ မပျော်ဘူးဖြစ်နေရင်းလည်း အဲ့မှာတင်သတို့သားကို ထားခဲ့လိုက် ” ဆိုပြီး မျိုးစုံဝေဖန်ခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း လက်ထပ်ခွင့်ကို သတို့သမီးက လက်ခံပေးလိုက်လားဆိုတာကတော့ သေချာမသိခဲ့ရပါဘူး ။

Be the first to comment

Leave a Reply

Your email address will not be published.


*