ခင်ပွန်းဖြစ်သူက မယားငယ်ကိုအိမ်အသစ်ဝယ်ပေးခဲ့လို့ ဘူဒိုဇာငှါးပြီး အိမ်အသစ်ကိုဖြိုဖျက်ခိုင်းခဲ့တဲ့ မယားကြီး (ရုပ်သံ)

အရှေ့တောင်အာရှနိုင်ငံအချို့ဟာ ၎င်းတို့ရဲ့ရိုးရာယဉ်ကျေးမှုအရ မယားပြိုင်ယူတတ်တာမျိုးရှိကြပါတယ် ။ သို့ပေမဲ့လည်း အချစ်ကြီးလွန်းပြီး ၊ မနာလို သဝန်တိုစိတ်တွေရှိတတ်တဲ့ မိန်းကလေးတွေအတွက်ကတော့ လက်ခံနားလည်ပေးဖို့အတော်ခက်မှာပါ ။ ဒီတစ်ခေါက်မှာလည်း အင်ဒိုနီးရှားနိုင်ငံက မယားကြီးရဲ့လုပ်ရပ်ဟာ social media ပေါ်မှာ ရေပန်းစားနေလျက်ရှိပါတယ် ။

ဖြစ်စဉ်ကတော့ M အမည်ရှိတဲ့ မယားကြီးဖြစ်သူက ခင်ပွန်းသည်ဟာ မယားငယ်အတွက်အိမ်အသစ်ဝယ်ပေးလိုက်တဲ့သတင်းကို ကြားပြီးနောက် သဝန်တိုလွန်းပြီး စိတ်မထိန်းနိုင်တဲ့အဆုံး မြေကော်စက်ကြီးကိုငှါးပြီး အဆိုပါနေအိမ်ကိုဖြိုဖျက်ချပစ်ခဲ့တာပါ ။

အဆိုပါအဖြစ်အပျက်ဟာ Sumatera ကျွန်းမြောက်ဖက်ခြမ်းမှာရှိတဲ့ Desa Mangga Dua ဆိုတဲ့ရွာမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ် ။ ရွာသားတွေရဲ့ပြောပြချက်အရ မယားကြီးဟာ သူမထက်အသက်အရွယ်အတော်ငယ်တဲ့မယားငယ်ကို ခင်ပွန်းဖြစ်သူက အိမ်အသစ်ဝယ်ပေးခဲ့မှန်း သိရှိခဲ့လို့ ယခုလိုစိတ်လိုက်မှန်ပါပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

Video ထဲမှာတွေ့မြင်ရတဲ့အတိုင်းရွာသားတွေဟာ ဖြိုဖျက်နေတဲ့နေအိမ်ကြီးကို ဝိုင်းပြီးကြည့်ရှုနေခဲ့ကြတာပါ ။ မြေကော်စက်ကြီးကလည်း အဆိုပါအိမ်ကိုအစိတ်စိတ်အမွှာမွှာဖြစ်အောင် တစ်လွှာပြီးတစ်လွှာဖြိုဖျက်နေခဲ့တာပါ ။ ရွာသားတွေက မယားငယ်ကိုနေအိမ်ကနေ ထွက်လာဖို့ အော်ဟစ်နေခဲ့ကြတာပါ ။ မယားငယ်မှာတော့ 3လသားအရွယ်ကိုယ်ဝန်လွယ်ထားရသူဖြစ်ကြောင်း သိရှိရပါတယ် ။ တာဝန်ရှိသူတွေကတော့ အဆိုပါအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေလျက်ရှိပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*