အလုပ်ချိန်မှာ မလုံ့တလုံ ဝတ်ခဲ့တဲ့ သူနာပြုမလေးကို အလုပ်ကနေ နှုတ်ထွက်ပေးဖို့ တောင်းဆို

ထိုင်းနိုင်ငံက သူနာပြုမလေးတစ်ယောက်ကတော့ အတိုင်းထက်အလွန် ပေါ်လော်နေတဲ့ အဝတ်အစားတွေကို အလုပ်ချိန်မှာ ၀တ်ဆင်ခဲ့တဲ့ အတွက် အလုပ်ကနေထွက်ပေးဖို့ အများပြည်သူကတောင်းဆိုခဲ့ပါတယ်။Parichat Chatsri လို့ခေါ်တဲ့ ၎င်းသူနာပြုမလေးရဲ့ ဓာတ်ပုံတွေကို ထိုင်းနိုင်ငံက သူနာပြုချစ်သူများ အဖွဲ့ ဖေစ့်ဘုတ်ပေချ့်ကနေ စတင် ရှဲလ်ခဲပတာကြောင့် ရုတ်ချည်းဆိုသလို သူမရဲ့ ဓာတ်ပုံတွေဟာ ယခုလအတွင်းမှာဘဲ အင်မတန်ကို လူကြည့်များခဲ့ တာလည်းဖြစ်ပါတယ်။

အသက်အားဖြင့် ၂၆နှစ်ရှိပြီဖြစ်ပြီးတော့ ခပ်ကြပ်ကြပ် ၊ ခပ်ပြတ်ပြတ် ဖြစ်နေအောင်ပြုလုပ်ထားတဲ့ သူနာပြုဝတ်စုံ နှင့် စကတ်အတိုလေးကို ၀တ်လို့ Isan မှာရှိတဲ့ ပုဂ္ဂလိကဆေးရုံမှာ အလုပ်ဆင်းခဲ့တာဖြစ်ပါတယ်။ဒီလို ၀တ်စားဆင်ယင်မှု့ကြောင့်ဘဲ သူမရဲ့ ခန္ဓာကိုယ်အနေအထားနှင့် ဖုံးကွယ်ထားသင့်တဲ့ အရာတွေကို လှစ်ဟပြခဲ့သ လိုဖြစ်လို့နေပါတယ်။

အနောက်တိုင်းနိုင်ငံတွေသဘောအရဆိုရင်တော့ ၀တ်စုံဟာ ကဲ့ရဲ့စရာမရှိပေမယ့် ထိုင်းနိုင်ငံ ရဲ့ ယဉ်ကျေးမှု့ အနေအထား အရဆိုရင်တော့ ရှက်ဖွယ်ဖြစ်နေပါတယ်ဆိုပြီးတော့ အင်တာနက်အသုံးပြုသူ တစ်ယောက် ကဝေဖန်ထားပါတယ်။သူမရဲ့ အတက်ပညာဖြစ်တဲ့ သူနာပြုအလုပ်နဲ့ သူမနေထိုင်ပုံနှင့် က မအပ်စပ်ဖူးလို့လည်း ပြောဆိုနေကြပါတယ်။

ဒီလို အဖြစ်အပျက်တွေဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့ သူမက အများပြည်သူသိအောင် သူမရဲ့ အကောင့်မှာ အခုလို ရေးသားဖော်ပြခဲ့ပါတယ်။ ” ဆေးရုံက လူကြီးတွေကိုလည်း ရှင်းပြပြီးပါပြီ။ဒါပေမယ့် သူတို့ကတော့ဆေးရုံရဲ့ နာမည်ကို ပိုပြီးတော့ အလေးထားတယ်ဆိုတာကို နားလည်ပါတယ်။

ဒါကြောင့် ကျွန်မ ဒီကိစ္စကို အကြီးအကျယ်မဖြစ်စေချင်ပါဘူး။ ဒါကြောင့်မို့လို့ ကိုယ့်တာဝန်ကိုယ်ယူတဲ့ အနေနဲ့ နှုတ်ထွက်စာ တင်မှာဘဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံ သူနာပြု အဖွဲ့ချုပ်ကိုလည်း တောင်းပန်ပါတယ်။ ကျွန်မရဲ့ အပြုအမူတစ်ခုထဲအတွက်နဲ့တော့ တစ်နိုင်ငံလုံးက သူနာပြုတွေကို လူထုက အကဲဖြတ်တာ အဆုံးဖြတ်တာ မဖြစ်စေချင်ပါဘူး ” ဆိုပြီး တင်ထားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*