ယောက္ခမ အမွေပေးခဲ့တဲ့ ဒေါ်လာတစ်သိန်းကျော်နှင့် ဂိမ်းထဲက Itemတွေဝယ်ပစ်လိုက်တာကြောင့် မိန်းမဖြစ်သူကကွာရှင်း

ဂျပန်နိုင်ငံ ကအမျိုးသားတစ်ယောက်ကတော့ ဂိမ်းကို အရူးအမူးစွဲလမ်းနေပုံရပါတယ်။ဂိမ်းနှင့် ပတ်သက်လာရင် ဘာမှ မမြင်တော့ဖူးလို့လည်း ထင်ရပါတယ်။ဘာလို့အခုလိုတွေ ပြောနေတာလည်းဆိုတော့ အဲ့ဒီ လူဟာ မိန်းမဖြစ်သူရဲ့ ပိုက်ဆံ ဒေါ်လာ တစ်သိန်းရှစ်ထောင်ကို အွန်လိုင်းဂိမ်းထဲက လိုအပ်တဲ့ လက်နက်တွေဝယ်ဖို့ အတွက် သုံးလိုက်လို့ ဘဲဖြစ်ပါ တယ်။ ဒီအကြောင်းကို သိလိုက်ရတဲ့ မိန်းမကတော့ သူမရဲ့ ဖေစ့်ဘုတ်အကောင့်မှာ ဒီလို ယောက်ကျားကို ကွာရှင်းပစ် သင့်သလား ဆိုပြီးတော့ ဒေါသထွက်ထွက်နှင့် ပိုစ့်တင်လို့ထားပါတယ်။တကယ်ကို ဟာသလင်မယားပါဘဲ။

ဘာကြောင့် အမျိုးသမီးက ပိုဒေါသထွက်ရတာလည်းဆိုတော့ သူမရဲ့ မိခင်ဖြစ်သူကပေးခဲ့တဲ့ ပိုက်ဆံ ဒေါ်လာ ခုနှစ်သောင်းတစ်ထောင်ကို ဘဏ်မှာ သွားအပ်ထားပြီးတော့ အတိုးတွေ စုစုပေါင်းလိုက်တဲ့ အခါမှာတော့ ဒေါ်လာ တစ်သိန်းရှစ်ထောင်ရရှိနေတာဘဲဖြစ်ပါတယ်။ ဒီပိုက်ဆံတွေကို ကလေးတွေ အတွက် အသုံးပြုဖို့ စဉ်းစားထား တာဖြစ်ပေမယ့်လည်း သူမရဲ့ ခင်ပွန်းဖြစ်သူကတော့ ဂိမ်းထဲ့ အကောင်းစားလက်နက်တွေကိုဝယ်ဖို့ အတွက်ဆိုပြီးတော့ ပိုက်ဆံတွေကို သုံးပစ်ခဲ့ပါတယ်။

သူမတင်ခဲ့တဲ့ ပိုစ့်အောက်မှာတော့ အသိမိတ်ဆွေတွေက ကွာရှင်းသင့်ကြောင်း ၊ ဒီလို တန်ဖိုးမရှိတဲ့ နေရာမှာ ပိုက်ဆံတွေကို အကုန်သုံးပစ်လိုက်တာဟာ တကယ်ကို စဉ်းစားဉာဏ်မရှိတဲ့ လုပ်ရပ်ဖြစ်တာကြောင့် ရှေ့ဆက်လက်တွဲဖို့ မသင့်တော်ကြောင်း ပြောပြခဲ့ကြပါတယ်။သတင်းများရဲ့ ဖော်ပြချက်အရတော့ အဲ့ဒီ အမျိုးသားဟာ ဂိမ်းအတွက် တစ်လကို ဒေါ်လာ ၃၆၀၀ စီအသုံးပြုပြီးတော့ မိန်းမဖြစ်သူကလည်း အဲ့ဒီလိုတွေသုံးနေတာကို မသိရှိခဲ့ဖူးလို့ ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*