ကျွေးမွေးစောင့်ရှောက်ပေးခဲ့တဲ့ မွေးစားမိဘတွေကိုကျေးဇူးဆပ်ချင်လို့ ဇိမ်ခံအိမ်ကြီး ဆောက်လုပ်ပေးခဲ့တဲ့အမျိုးသား

မိဘမဲ့ကလေးငယ်တစ်ယောက်အတွက် အလိုအပ်ဆုံးသောအရာက မိသားစုဘဝတစ်ခုပိုင်ဆိုင်နိုင်ဖို့ပါပဲ ။ အဆိုပါမိဘမဲ့ကလေးတွေကို မွေးစားခဲ့ကြသူအများစုဟာလည်း သူတို့ရဲ့သားသမီးအရင်းတွေလို ဆက်ဆံကြသူတွေပါ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ မိသားစုလေးရဲ့အကြောင်းဟာလည်း လူတွေရဲ့ရင်ထဲ ၊ နှလုံးသားထဲကို နွေးထွေးသွားစေမှာပါ ။ ဖြစ်စဉ်ကတော့ Javi အမည်ရှိတဲ့ အသက် 28 နှစ်အရွယ်ကောင်လေးဟာ 3နှစ်သားအရွယ်ကတည်းက ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ သူ့ရဲ့မိဘအရင်တွေရဲ့ စွန့်ပစ်ခြင်းကိုခံခဲ့ရပါတယ် ။ သို့ပေမဲ့လည်း ကံကောင်းစွာနဲ့ပဲ မိဘမဲ့ဂေဟာသို့ပို့ဆောင်ခြင်းခံရတော့မဲ့ ငယ်ရွယ်လွန်းတဲ့ Javi လေးကို လင်မယားနှစ်ယောက်က မွေးစားခဲ့ပါတယ် ။

မွေးစားဖခင် Tatai ကတော့ ဟိုတယ်တံခါးစောင့်အဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး ၊ မွေးစားမိခင် Nanai ကတော့ ပျံကျဈေးသည်တစ်ယောက်ပါ ။ မွေးစားမိဘနှစ်ပါးလုံးဟာ Javi ကိုထောက်ပံ့ကျွေးမွေးနိုင်ဖို့ အကောင်းဆုံးကြိုးစားခဲ့ကြသူတွေပါ ။ Javi တို့မိသားစုဟာ ဆင်းရဲနုံချာလွန်းတဲ့ 215 ပေ ပတ်လည်ရှိတဲ့တိုက်ခန်းတစ်ခုမှာ အခြားသော အိမ်ငှါး 28 ယောက်နဲ့ အတူတူနေထိုင်ခဲ့ရတာဖြစ်ပြီး ကြွက်တွေပေါများပြီး မကြာခဏမီးပျက်လေ့ရှိတဲ့နေရာဖြစ်ပါတယ် ။ ” ဘဝက တစ်အားကိုခက်ခဲလွန်းတယ် ၊ ဒါပေမဲ့ တစ်ရက်ကိုထမင်း 2နပ် လောက်စားနေရရင်ပဲ ကျွန်တော်တို့အတော်လေးကိုပျော်နေပါပြီ ” ဆိုပြီး Javi ကပြောပြသွားခဲ့ပါတယ် ။

မိသားစုကိုပြန်ထောက်ပံ့နိုင်ဖို့ စိတ်ဆုံးဖြတ်ချက်ချထားတဲ့ Javi ဟာ တက္ကသိုလ်ဝင်ခွင့်အတွက် စာကိုအတော်လေးလေ့လာသင်ယူခဲ့ပြီးနောက် ဘွဲ့မရခင် အာမခံလုပ်ငန်းတစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ် ။ အပြင်းအထန်ကြိုးစားပြီး 7နှစ်အကြာမှာတော့ မန်နေဂျာဖြစ်လာခဲ့ပြီး ငွေရေးကြေးရေးခိုင်ခိုင်မာမာဖြစ်လာခဲ့ပါတယ် ။

ထိုအချိန်မှာတော့ မွေးစားမိဘတွေတစ်ဘဝလုံး သက်တောင့်သက်သာအနားယူနိုင်အောင် ခမ်းနားထည်ဝါလွန်းလှတဲ့ အပန်ဖြေဇိမ်ခံနေအိမ်ကြီးကို ဆောက်လုပ်ပေးခဲ့ပါတော့တယ် ။ အိမ်အတွင်းပိုင်ကိုလည်း နောက်ဆုံးပေါ်ဒီဇိုင်တွေနဲ့ အပြည့်အစုံပြင်ဆင်ပေးထားပါသေးတယ် ။ မွေးစားသားဆိုပေမဲ့ မိဘကျေးဇူးသိတတ်လွန်းတဲ့ Javi ရဲ့အကြောင်းဟာ social media ပေါ်မှာ အတော်လေး ရေပန်းစားခဲ့ပြီးနောက် Javi ကိုလူအတော်အများ လေးစားအားကျပြီး ဆုတောင်းစကားများ ပြောဆိုခဲ့ကြပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*