တချို့ဘောလုံးသမားတွေကို ငုတ်တုတ်မေ့သွားစေလောက်တဲ့ ဘောလုံးစွမ်းရည်တွေပိုင်ဆိုင်ထားတဲ့သူမ

ကမ္ဘာပေါ်မှာတော့ မိမိရဲ့ဝါသနာကို အရင်းခံကာ ကျိုးစားမှုတွေစိုက်ထုတ်ရင်း အောင်မြင်ကျော်ကြားလာသူတွေများစွာရှိကြပါတယ်။

ပြင်သစ်နိုင်ငံမှာနေထိုင်တဲ့ Lisa Zimouche လို့ခေါ်တဲ့ အမျိုးသမီးလေးတစ်ဦးဟာဆိုရင်လည်း ဘောလုံးအားကစားကို အင်မတန်ဝါသနာထုံသူလေးတစ်ဦးပဲဖြစ်ပါတယ်။ သို့ပေမယ့် ထူးခြားတာလေးတစ်ခုကတော့ သူမဟာ ဘောလုံးကန်တာကိုမဟုတ်ဘဲ ဘောလုံးစကေးပြတာကို အင်မတန်ဝါသနာပါတာပဲဖြစ်ပါတယ်။

သူမကတော့ အသက် ၁၄ နှစ်အရွယ်မှာတင် professional Freestyle football talent ပြသူလေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာကျော်ဘောလုံးသမားတွေဖြစ်တဲ့ ရော်နယ်ဒင်ဟို ပေါ့လ်ဘာ တို့လို ကစားပွဲရာသီပိတ်ချိန်တွေမှာ France ? England , Los Angeles တို့မှာပြုလုပ်တဲ့ Freestyle football talent ပြပွဲတွေမှာ စလေးပြသူလေးတစ်ဦးဖြစ်တဲ့အပြင် သူမရဲ့စကေးတွေဟာ တချို့ဘောလုံးသမားတွေကို ငုတ်တုတ်မေ့သွားလောက်အောင် ကောင်းမွန်လှတာပဲဖြစ်ပါတယ်။

အသက်ငယ်ရွယ်စဉ်အခါက PSG လူငယ်အသင်းမှာ ကစားခဲ့ဖူးတဲ့ သူမရဲ့ဘောလုံစကေးကတော့ ကမ္ဘာ့အပြေးချန်ပီယံ Usain Bolt တို့ရဲ့ကျော်ကြားမှုနဲ့ တန်းတူလောက်ကိုပင် ကျော်ကြားခဲ့တာပဲဖြစ်ပါတယ်။

အိမ်အလုပ်တွေလုပ်ရင်တောင်မှ ဘောလုံးကို အမြဲဆော့ကစားနေတဲ့ သူမကတော့ sexy ကျလှတဲ့ရုပ်ရည်လေးကိုပိုင်ဆိုင်ထားသလို ကောင်းမွန်လှတဲ့ ဘောလုံးစကေးတွေကို ပိုင်ဆိုင်ထားသူလေးတစ်ဦးပဲဖြစ်ပါတယ်။

သူမရဲ့ဘောလုံးစကေးကို ပရိသတ်တွေကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နိုင်စေဖို့အတွက် သူမရဲ့ဘောလုံးစကေးပြ ဗီဒီယိုလေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*