ဘွဲ့ဓာတ်ပုံကို အလန်းစားပုံစံနဲ့ ဓာတ်ပုံရိုက်ယူခဲ့တဲ့ ကျောင်းသား (ရုပ်သံ)

အထက်တန်းကျောင်းအောင်မြင်ခဲ့တဲ့အထိမ်းအမှတ်အနေနဲ့ ရေလွှာလှိုင်းစီးပြီး ဓာတ်ပုံရိုက်ခဲ့တာကတော့ အတော်လေးကိုဆန်းသစ်လွန်းလှတဲ့ အတွေးလို့ပြောရမှာပါပဲ ။ Andrew Shaffer အမည်ရှိတဲ့ အသက် 17နှစ်အရွယ်ကောင်လေးဟာ Utah ပြည်နယ် Powell ရေကန်ကြီးမှာ လက်တစ်ဖက်တည်းနဲ့လှေကနေချိတ်ဆက်ထားတဲ့ကြိုးကို ကိုင်ပြီး စီးနင်လိုက်ပါလာခဲ့တာပါ ။

ထို့နောက် ကြိုးကိုတံတောင်ဆစ်နဲ့ထိန်ကိုင်ထားလိုက်ပြီးနောက် ဘွဲ့ဝတ်စုံကို wakeboard စီးနေရင်း ဝတ်ဆင်ခဲ့ပါတယ် ။ ထို့နောက်ကြိုးကိုကိုင်ဆွဲလျက်သားနှင့် လက်နှစ်ဖက်လုံးနှင့် ဘွဲ့ဦးထုပ်ကိုဆောင်းလိုက်ပါတယ် ။

ဓာတ်ပုံဆရာကလည်း Andrew အတွက် ဓာတ်ပုံရိုက်ပေးနေခဲ့ရင်း နောက်ဆုံးလက်နှစ်ဖက်လုံး ကြိုးကိုလွတ်လိုက်ပြီး ဘွဲ့ဝတ်စုံနဲ့ wakeboard စီးနေတဲ့ Andrew ရဲ့ဓာတ်ပုံကို မိမိရရ လန်ထွက်နေအောင်ရိုက်ပေးခဲ့ပါတယ် ။

Andrew ကတော့ ” ကျွန်တော်အစက ဒီလိုပုံစံဓာတ်ပုံရိုက်ဖို့ မစဉ်းစားထားဘူးဗျ ၊ ဒါပေမဲ့လည်း လှေပိုင်ရှင်တွေနဲ့ သူငယ်ချင်းဖြစ်ခဲ့ကြပြီး အခုလိုအခွင့်အရေးမျိုးရခဲ့တာပါ ” ဆိုပြီး ပြောပြခဲ့ပါတယ် ။ Andrew ရဲ့videoကို TikTok မှာတင် ကြည့်ရှုသူ 2.2 million အထိ ရရှိခဲ့ကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*