ခွေးအစစ်လေးတွေကို အရုပ်ခွေးလေးရောင်းသလို တောင်းထဲ ပုံးထဲပြွတ်သိပ်ထည့်ပြီးရောင်းတဲ့ဈေး

ဥရောပနိုင်ငံသား တစ်ဦးဟာ တရုတ်နိုင်ငံကို အလည်အပတ်ရောက်ရှိနေစဉ် Lanzhou ရဲ့ လမ်းမတစ်နေရာမှာ ခွေးလေးတွေကို ထူးထူးဆန်းဆန်း ရောင်းချနေတဲ့ စျေးကွက်တစ်ခုကို ဗီဒီယိုရိုက်ပြီး အွန်လိုင်းမှာတင်ခဲ့ပါတယ်။

သူဗီဒီယိုကို တင်တဲ့ အခါမှာလည်း အခုလိုမျိုး ခေါင်းစဉ်နှင့် တွဲဲပြီး တင်ခဲ့တာပါ။

” ကျွန်တော်တို့ အခု လန်ဇူးထဲက လမ်းလျှောက်သွားရတဲ့ နေရာတစ်နေရာကို ရောက်နေတာပါ။ ခွေးလေးတွေကို လမ်းမပေါ်မှာရောင်းချနေတဲ့ စျေးတစ်စျေးကို ဖြတ်သွားနေတာလည်းဖြစ်ပါတယ်။ ပထမတုန်းကတော့ မြင်မြင်ချင်း ကိုယ့်မျက်လုံးတောင် ကိုယ်မယုံနိုင်ပါဘူး။ ကျွန်တော်တို့ ထင်နေတာက အရုပ်လေးတွေ ရောင်းနေတယ်လို့ဘဲ ထင်ခဲ့တာပါ။ဒါပေမယ့် အနားကပ်ကြည့်တဲ့ အခါကျမှ အဲ့တာလေးတွေက အရုပ်လေးတွေမဟုတ်ဘဲ အရောင်စုံ အဝတ်အစားလေးတွေ ၀တ်ထားတဲ့ ခွေးအစစ်လေးတွေဖြစ်နေတော့တာပါဘဲ “ဟူ၍ုဖြစ်ပါတယ်။

စျေးသည်တွေဟာ ခွေးလေးတွေကို ဗူးတွေ တောင်းတွေထဲထည့်လို့ လမ်းမပေါ်မှာ ရောင်းချနေတာဖြစ်ပြီးတော့ အထဲမှာ တော့ ခွေးလေးတွေဟာ တစ်ကောင်နှင့် တစ်ကောင် မလူးသာ မလွန့်သာ ဖြစ်နေတာပါ။တစ်ဘူးကို အနည်းဆုံး ခွေးဆယ်ကောင်လောက် ထည့်ထားပြီးတော့ သူတို့တွေဟာ ဘူးအပေါ်မှာ ခေါင်းလေးသာ ပေါ်ယုံဖော်ထားပေးတာ ဖြစ်ပါတယ်။

အဲ့ဒီအပြင် စျေးရောင်းသူ မိန်းမတစ်ယောက်ကလည်း ငြင်ငြင်သာသာ ကိုင်တွယ်ချင်းမရှိဘဲ ခွေးလေးတွေကို အရွယ်နှင့် မလိုက်အောင် ကိုင်တွယ်နေတာကိုတွေ့ရမှာဘဲဖြစ်ပါတယ်။ဒီဗီဒီယိုဟာ တိရစ္ဆာန်ချစ်သူများအကြားပျံနှ့ံသွားတဲ့ အခါ မှာတော့ အင်မတန်ကို ဒေါသထွက်ခဲ့ကြပါတယ်။ တချို့တွေကတော့ ဆိုင်တွေပိတ်ပစ်ဖို့ကိုတောင် ဆန္ဒရှိခဲ့ကြတာ ဘဲဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*