ကီလိုမီတာ ၅၀ မာရသွန်ပြိုင်ပွဲကို တာယာဖိနပ်၊ဂါဝန်နှင့် ဝင်ပြေးတာတောင်မှ ပြိုင်ပွဲဝင် ၅၀၀ ကိုကျော်ပြီး ပထမဆုရရှိခဲ့သူ

ပါးစပ်အဟောင်းသားဖြစ်ရပါတော့မယ်။ ဘာလို့လည်းဆိုတော့ ဒီအမျိုးသမီးက အံ့သြတုန်လှုပ်ဖို ့ကောင်းတဲ့ အရာတွေ ကို လုပ်ပြသွားလို့ပါဘဲ။ဧပြီလ ၂၉ရက်နေ့က မက္ကစီကို လူမျိုးမလေး Maria Lorena Ramirez ဟာ အကွာအဝေးများတဲ့ မာရသွန်ပြိုင်ပွဲမှာ ပထမဆုကိုအနိုင်ရရှိခဲ့ပြီး ကမ္ဘာတစ်လွှားကို အံ့အားသင့်စေခဲ့ပါတယ်။

ပထမဆုရတာဟာ အံ့အားသင့်စရာ မဟုတ်ပေမယ့် သူများတွေလို ၀တ်စုံအပြည့်နှင့် ၀တ်ရောက်ယှဉ်ပြိုင်တာ မဟုတ်တဲ့ သူမရဲ့ လုပ်ရပ်ကြောင့် အံ့အားသင့်စေ ခဲ့တာပါဘဲ။ဟုတ်ပါတယ်။ သူမဝတ်ထား တာကတော့ အိမ်နေရင်းစီးတဲ့ ဖိနပ်ပါးလေးရယ်၊ ဒူးအထိရှည်တဲ့ ဂါ၀န်ရယ်နဲ့ဘဲဖြစ်ပါတယ်။

တကယ်တော်ပါပေတယ်။ BBC ရဲ့ ဖော်ပြချက်အရ အသက် ၂၂အရွယ်ရှိတဲ့ သူမဟာ မက္ကဆီကိုမှာ ကျင်းပတဲ့ မီတာ ၅၀၀ ခရီးမှာ ပြိုင်ပွဲဝင်ပေါင်း အယောက် ၅၀၀ ကိုကျော်လို့ အမျိုးသမီးတန်းပြိုင်ပွဲမှာ ပထမဆုကိုရရှိခဲ့တာဘဲဖြစ်ပါ တယ်။ သူမဟာ ကီလိုမီတာ ၅၀ ကို ခုနှစ်နာရီ သုံးမိနစ်အတွင်းအပြေးပြိုင်ခဲ့တာဖြစ်ပြီးတော့ ပထမဆုအနေနနှင့် ဒေါ်လာသုံးရာ ကို ရရှိခဲ့တာဘဲဖြစ်ပါတယ်။

အခြားသောပြိုင်ပွဲဝင်တွေက NIKE တို့လို ADIDAS တို့လို အကောင်းစား အားကစားဖိနပ်တွေဝတ်လို့ ပြိုင်ပွဲဝင်နေချိန် သူမကတော့ သာမာန် တာယာဖိနပ် အစိမ်းရောင် ၊ အိမ်နေရင်း ၀တ်အကျီတို့နှင့် ပြိုင်ခဲ့တာဘဲဖြစ်ပါတယ်။

တကယ်လို့များ ဒီ အခြေအနေကိုကြည့်ပြီးတော့ သူမဟာ နှစ်တွေ အချိန်ယူလို့ကောင်းကောင်းမွန်မွန်လေ့ကျင့်ပေးထား တဲ့ အပြေးပြိုင်သူတစ်ယောက်လို့ သင်ထင်နေမယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်။ သူမဟာ နေ့တိုင်းနေ့တိုင်း ဒီ ကီလိုမီတာ ၁၀ နှင့် ၁၅ ကီလိုမီတာ အကွာအဝေးကို ဆိတ်တွေ ၊ ကျွဲတွေ ၊ နွားတွေ ကျောင်းရင်း ပြေးနေရတာပါတဲ့။

မနှစ်ကတုန်းကလည်း သူမဟာ ၁၀၀ ကီလိုမီတာ အပြေးပြိုင်ပွဲမှာ ဒုတိယဆုရခဲ့ပါသေးတယ်။ဒီမိန်းကလေးကတော့ ပြိုင်ပွဲတစ်ခုမှာ အနိုင်ရဖို့အတွက် အကောင်းဆုံးသောအထောက်အပံ့တွေ ၊ စျေးကြီးတဲ့ ပစ္စည်းတွေ မလိုအပ်ဖူး ဆိုတာကို သက်သေပြသွားတာပါဘဲ။ ကိုယ်တိုင် ကြိုးစားအားထုတ်မှု့တစ်ခုထဲကသာလျှင် အဓိကကျတဲ့ လိုအပ်ချက်ဖြစ်တယ် ဆိုတာလည်း ငြင်းလို့မရနိုင်ပါဘူး။

ကဲ သင်ရောအခုထက်ထိ ဟိုဟာ မရှိသေးလို့ မဖြစ်သေးဘူး။ ဒီဟာမရှိသေးလို့ မလုပ်ရသေးဘူး ဆိုပြီး ညည်းတွား နေအုံး မှာလား။ ကိုယ့်အားကိုယ်ကိုးပြီး အခုဘဲ ဘဝရဲ့ စိန်ခေါ်မှု့တွေကို ဒီမိန်းကလေး ရဲ့ စိတ်ဓာတ်တွေကို အတုယူပြီး ယှဉ်ပြိုင်လိုက်ပါတော့။

Be the first to comment

Leave a Reply

Your email address will not be published.


*