လွန်ခဲ့သောလေးနှစ်အကြာက တွေ့ခဲ့တဲ့ သူမရဲ့ အသည်းတခြမ်းကို လိုက်ရှာနေခဲ့တဲ့ ကောင်မလေး

ဆယ်ကျော်သက်တို့ရဲ့ အချစ်ကတော့ ရူးမိုက်တယ်ဘဲပြောရမလား။ နက်နဲလွန်းတယ်ဘဲပြောရမလား မသိတော့ ဖြစ်နေပါပြီ။ဘာလို့လည်းဆိုတော့ ဒီအသက် ၁၈နှစ်အရွယ် ဆယ်ကျော်သက်ကောင်မလေး တစ်ယောက်ဖြစ်တဲ့ Joceline လို့အမည်တွင်သူလေးဟာ အထက်တန်းကျောင်းကနေအောင်မြင်ပြီးသူလေးတစ်ယောက်ပါ။

ဒါပေမယ့် တက္ကသိုလ်မတက်ခင်လေးမှာဘဲ သူမရဲ့ စိတ်ထဲမှာ ပြီးခဲ့တဲ့ အချိန်ကာလတွေတုန်းက အဖြစ်အပျက်လေး တစ်ခုက စွဲမြဲလို့နေတာကြောင့် သူမရဲ့ စိတ်ကို ဆုံးဖြတ်မှု့တစ်ခုပြုလုပ်ခဲ့ပါတယ်။စိတ်ထဲမှာ စွဲမြဲနေတဲ့ စိတ်လေးတစ်ခု ကတော့ လွန်ခဲ့တဲ့ လေးနှစ်ကျော်ကာလတုန်းကတရုတ်ပြည်ကို သွားတဲ့ လေယာဉ်တစ်စီးပေါ်မှာ တွေ့ရှိခဲ့တဲ့ လူတစ်ယောက်အတွက်ပါဘဲ။

လွန်ခဲ့တဲ့ လေးနှစ်ဆိုတော့ ခုနှစ်နှင့် တွက်ပြရရင် ၂၀၁၃ခုနှစ် ၊ အသက်နှင့် ထောက်ပြရရင် သူမအသက် ၁၄နှစ် ပေါ့။ အဲ့ဒီအသက်အရွယ်တုန်းက လေယာဉ်ပေါ်မှာ တွေ့ခဲ့ရတဲ့ ကောင်လေးတစ်ယောက်ရဲ့ အကြောင်းကို သူမလုံးဝမေ့လို ့မရဖြစ်နေခဲ့တာကြောင့်ဘဲဖြစ်ပါတယ်။

ဒါကြောင့် သူမယုံကြည်လိုက်တာကတော့ ဒီကောင်လေးဟာ သူမရဲ့ ကိုယ်ပွား ၊ ခေတ်စကားနှင့် ပြောရရင်တော့ သူမရဲ့ အသည်းတစ်ခြမ်းပေါ့။ မိသားစုနဲ့ တရုတ်ပြည်ကို သွားနေတုန်း သူမဝတ်ဆင်လာတဲ့ ခေါင်းစွပ်အကျီလေးနဲ့ တစ်ထေရာထဲတူအောင် ၀တ်ဆင်ထားခဲ့တဲ့ ကောင်လေးတစ်ယောက်ကို အမှတ်မထင်တွေ့ရှိခဲ့တာဘဲဖြစ်ပါတယ်။

၎င်းကောင်လေးကလည်း သူ့ရဲ့ မိသားစုနဲ့ အတူတူ ခရီးထွက်ခဲ့တာဖြစ်ပြီးတော့ သူတို့ခရီးထွက်ခဲ့တဲ့ ရက်ကတော့ ၂၀၁၃ခုနှစ် ဂျွန်လ ၁၉ရက်နေ့ဘဲဖြစ်ပါတယ်။ သူမတို့ မိသားစုသွားလိုရာခရီးကိုရောက်တဲ့ အချိန်မှာ ကောင်လေးတို့ ကတော့ ဟောင်ကောင်ကနေ ဆန်ဖရန်စစ္စကို ကိုဆက်လက်သွားမယ့်လေယာဉ်ပေါ်ကို ပါသွားတာကို သူမမှတ်မိ လိုက်ပါတယ်။

ကောင်လေးကို စကားပြောဖို့ ကြိုးစားခဲ့ချင်ပေမယ့်လည်း ထွက်ခွာသွားတဲ့ လေယာဉ်ပျံကြီးကိုဘဲ ငေးကြည့်လို့ ကျန်ရစ်ခဲ့ရပါတယ်။

သူမဟာ လေးနှစ်ကြာပြီးတဲ့ အချိန်မှာတော့ အဲ့ဒီကောင်လေးကို တွေ့လိုတွေ့ငြားလိုက်လံရှာဖွေနေတယ်ဆိုတာကို သူမရဲ့ Twitter အကောင့်မှာဘဲ တင်ထားခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ အခုချိန်ထိလည်း သူမရဲ့ အသည်းတခြမ်းကို လိုက်ရှာနေတုန်းဖြစ်ပြီးတော့ အံ့သြမိတာကတော့ အချစ်ရဲ့ စွမ်းအားကိုပါဘဲ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*