အသက် 70အရွယ်ဆိုပေမဲ့ တောင့်တင်းလွန်းလှတဲ့ခန္ဓာကိုယ်အချိုးအစားမျိုး ပိုင်ဆိုင်ထားကြတဲ့ အဘိုးအိုများ

လူအိုတွေအတော်များများဟာ အသက်အရွယ်ရလာတဲ့အလျောက် ခန္ဓာကိုယ်တွေမှာတစ်ခုမဟုတ်တစ်ခု ချို့ယွင်း ၊ ကိုက်ခဲတတ်တာမျိုး ရှိလာကြပါတယ် ။

သို့ပေမဲ့လည်း အစားအသောက်ချင့်ချိန်ပြီး ၊ လေ့ကျင့်ခန်းသေချာလေး လုပ်မယ်ဆိုရင်တော့ ဘယ်အသက်အရွယ်ပဲရောက်နေပါစေ အမြဲလူငယ်လိုတတ်ကြွနေမှာကို တရုတ်နိုင်ငံ Hongzhou မြို့မှာရှိတဲ့ အဘိုးအိုတွေက သက်သေပြလိုက်တာပါပဲ ။ အသက် 70အရွယ် ရောက်ရှိနေကြပြီဖြစ်ပေမဲ့ ခန္ဓာကိုယ်ပုံစံမပျက်မဆီးဘဲ ထိန်းသိမ်ထားနိုင်ကြတာကတော့ အတော်လေး လေးစားအားကျဖွယ်ကောင်းလွန်းလှပါတယ် ။

အဆိုပါအဘိုးအိုတွေဟာ မနက်ခင်းတိုင်းပန်းခြံမှာရှိတဲ့ လေ့ကျင့်ခန်းအတွက်အထောက်အကူပြု ပစ္စည်းကိရိယာတွေကို အကုန်ဆော့ကစားပြီး လေ့ကျင်းခန်းကိုကြိုးစားပြီး ဆော့ကစားနေကြသူတွေပါ ။ အသက်အရွယ်ကြီးရင့်နေပေမဲ့ အဆိုပါအဘိုးအိုအုပ်စုကတော့ ကျန်းမာကောင်းမွန်တဲ့လူနေမှုပုံစံဘဝမျိုးရအောင် ကြိုးစားထိန်းထားကြသူတွေဖြစ်ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*