သတို့သမီးဝတ်စုံနဲ့ အကျဉ်းထောင်ရဲ့အပြင်ဖက်မှာတင် ချစ်သူကိုလက်ထပ်ခွင့်တောင်းခဲ့တဲ့ မိန်းကလေး

တရုတ်နိုင်ငံကမိန်းကလေးတစ်ယောက်ဟာ သူမရဲ့ချစ်သူတာဝန်ထမ်းဆောင်နေတဲ့ အကျဉ်းထောင်ရဲ့အပြင်ဖက်မှာတင် သတို့သမီးဝတ်စုံဝတ်ဆင်ပြီးချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ် ။ အသက် 28နှစ်အရွယ် Yuan Mingyu အမည်ရှိတဲ့မိန်းကလေးဟာ သူမချစ်သူနဲ့ ချစ်သူသက်တမ်း 9နှစ်ကြာသည်အထိ တွဲလာခဲ့ကြတာပါ ။

သို့ပေမဲ့လည်း အလုပ်ကိစ္စကြောင့် ချစ်သူနဲ့ဝေးကွာစွာနေထိုင်ခဲ့ရပြီး ၊ ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့ သူမနေထိုင်နေတဲ့ Chengdu မြို့ကနေ ချစ်သူရှိရာ Dazhou မြို့ဆီသို့ လက်ထပ်လက်စွပ် ၊ ပန်းစည်းတွေနဲ့ အရောက်လာခဲ့ရသူပါ ။ သူမဟာ ကျောင်းဆရာမဖြစ်ပြီး ၊ သူမရဲ့သူငယ်ချင်းတွေကလည်း ” Zhao Wanping ငါ့ကိုလက်ထပ်ပါ ” ဆိုတဲ့ အနီရောင်စာတန်းကြီးတွေကို ကိုင်ဆောင်ပေးခဲ့ကြပြီး သူမရဲ့လက်ထပ်ခွင့်တောင်းတဲ့အစီအစဉ်ကို အပြည့်အဝကူညီပေးခဲ့ကြတာပါ ။ ချစ်သူ Zhao က အကျဉ်းထောင်းကနေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထွက်လာခဲ့တဲ့အချိန်မှာ အနီးအနားမှာရှိနေတဲ့ သူငယ်ချင်းတွေကလည်း လက်ခုတ်တွေတီးပြီး အားပေးခဲ့ကြတော့မှ သတိထားမိခဲ့တာဖြစ်ပါတယ် ။

အံ့သြ သွားခဲ့တဲ့ Zhao မှာတော့ သူ့ရဲ့ကုတ်အင်္ကျီကိုချွတ်ပြီး သတို့သမီးဝတ်စုံသာ ဝတ်ဆင်ထားတဲ့ချစ်သူကို အေးခဲနေမှာကြောက်လို့ ဝတ်ဆင်ပေးခဲ့ပေမဲ့ ချစ်သူမိန်းကလေးကတော့ ” ငါတအား စိတ်လှုပ်ရှားနေပြီ ၊ ငါနည်းနည်းလေးမှ မအေးဘူး ” ဆိုပြီး ကုတ်အင်္ကျီဝတ်ဖို့မလိုကြောင်း ငြင်းပယ်ခဲ့ပါတယ် ။ ထိုအချိန်မှာတော့ Zhao ဟာ ချစ်သူမိန်းကလေးရှေ့ဒူးထောက်ခဲ့ပြီးနောက် သူမဆီကနေလက်စွပ်ကို ယူကာ သူမရဲ့လက်မှာစွပ်ပေးလိုက်ပြီး ချစ်သူမိန်းကလေးရဲ့ လက်ထပ်ခွင့်ကို လက်ခံခဲ့ပါတော့တယ် ။

အစောပိုင်းကတည်းက Yuan ဟာ Zhao ကိုလက်ထပ်ခွင့်တောင်းဖို့ စီစဉ်ပြီးသားဖြစ်ပေမဲ့ Zhao ဟာ အလုပ်များလွန်းခဲ့တဲ့အတွက် စီစဉ်ထားသလိုဖြစ်မလာခဲ့ပါဘူး ။ Yuan က လက်ထပ်လက်စွပ်ကိုတောင် သူမကိုယ်တိုင်ဝယ်ခဲ့တာဖြစ်ပါတယ် ။ ထို့ကြောင့် အချို့သောသူတွေက ကိုယ့်အတွက်လက်စွပ်ကို ကိုယ်တိုင်ပြန်ဝယ်ရတာ စိတ်မပျက်မိဘူးလားဆိုပြီး မေးမြန်းခဲ့ချိန်မှာတော့ Yuan က ” ဘာလို့ စိတ်ပျက်ရမှာလဲ ၊ သူဝယ်ဝယ် ကျွန်မပဲဝယ်ဝယ် ဘားမှကိုမထူးခြားသွားပါဘူး ” ဆိုပြီး ပြန်လည်ဖြေကြားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*