ယောကျ်ားတွေကို တန်းတန်းစွဲဖြစ်စေတဲ့ မိန်းကလေးပုံစံများ

ယောကျ်ားတွေကို တန်းတန်းစွဲဖြစ်စေတဲ့ မိန်းကလေးပုံစံများ

အမျိုးသမီးတွေဟာ သူတို့ရဲ့ ဝါသနာ ဗီဇ ဓလေ့နဲ့ ရိုးရာထုံးတမ်းအစဉ်အလာအလိုက် ကိုယ်ပိုင်ပုံစံတွေရှိတတ်ပါတယ်။ အဲဒီထဲကမှ အမျိုးသားတွေဟာ ဘယ်လို အမျိုးသမီးပုံစံမျိုးတွေကို စိတ်ဝင်စားမှုအများဆုံးဆိုတာ တင်ပြလိုပါတယ်။ အောက်မှာတော့ ယောက်ျားလေးတွေ စိတ်ဝင်စားလေ့ရှိတဲ့ အမျိုးသမီးအမျိုးအစား(၉ )မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကလေးဆန်သောအမျိုးသမီး

သည်အမျိုးသမီးများကျတော့ အရာရာ ကလေးတစ်ယောက်လို ပြုမူပါတယ်၊ ကလေးတွေလို ဆော့ကစားတယ်၊ ကလေးတွေလို ဂျီကျတယ်၊ ကလေးတွေလို ဆိုးနွဲ့ပါတယ်။ ထူးဆန်းတာက ကလေးဆန်တယ်ဆိုတာ အရွယ်နဲ့ မဆိုင်ပါဘူး။ အသက်(50)ကျော် အရွယ်ကြီးတွေလည်း ကလေးဆန် တတ်ပါတယ်။အဲဒီလို ပုံစံမျိုးကို ယောက်ျားတွေ စိတ်ဝင်စားပါတယ်တဲ့။

၂။ ပဟေဠိဆန်သော အမျိုးသမီး

သည်လို အမျိုးသမီးတွေကတော့ ပုံစံက ကုပ်ချောင်းချောင်း ပုံစံတွေ ဖြစ်ပါတယ်။ များသောအားဖြင့်စကားနည်းလေ့ရှိပြီး ပြောစရာစကားရှိရင်လည်း မပွင့်တပွင့်နဲ့ ဝါကျ တစ်ဝက်လောက်သာ ပြောတတ်ပါတယ်။ သူတို့အကြောင်းတွေ စပ်စုတာလည်း မကြိုက်သလို သူများအကြောင်းကိုလည်း စပ်စုလိုစိတ်မရှိတတ်ကြပါ။ သူတို့ကိုလည်း ယောက်ျားတွေ နှစ်သက်ကြပါတယ်။

၃။ လူကြီးဆန်သော အမျိုးသမီး

ဒီလိုအမျိုးသမီးကျတော့ အသက်အရွယ် ငယ်ရွယ်ပေမယ့် လူကြီးတစ်ယောက် ပြုမူတဲ့အတိုင်း ပြုမူပါတယ်၊ နီးစပ်တဲ့သူတွေကိုလည်း သြဇာပေးတတ်လေ့ရှိပြီး အကြောင်းကြောင်းကြောင့် စိတ်ဆိုးစိတ်ကောက်တာ၊ ရှက်ရွံ့တာမျိုး သိပ်မရှိပါဘူး။ ဒီလို အမျိုးသမီးကို အမျိုးသားတို့ ချဉ်းကပ်ဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

၄။ စွန့်စားမှုကိုကြိုက်သော အမျိုးသမီး

သူတိုရဲ့ စိတ်သဏ်ဏ္ဍာန်မှာတော့ အမြဲတမ်း စွန့်စားနေရမျိုးကို သဘောကျပါတယ်။ သာမာန်မိန်းမမျိုးကနေ ခွဲထွက်လာတဲ့ ပုံစံမို့ ယောက်ျားတို့ ချဉ်းကပ်ဖို့ ခက်သယောင်ပေမယ့် အမှန်တော့ သည်လိုအမျိုးသမီးတွေရဲ့ စိတ်ထဲမှာ စွန့်ဦးတီထွင်မှုတွေ၊ ရဲရင့်မှုတွေ၊ ကျားကုတ်ကျားခဲအောင်မြင်မှုတွေနဲ့အမျိုးသားတွေကို အထင်ကြီးတတ်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ အဲဒီလို မိန်းမမျိုး စိတ်ဝင်စားတာ ခံချင်ရင်တော့ ကျားကျားလျားလျား ရှိဖို့ လိုအပ်ပါတယ်။

၅။ အလေးအနက်မထားတတ်သော (သို့) အရိုင်းဆန်သော အမျိုးသမီး

အရိုင်းဆန်သောဆိုတာ ခေတ်မမီတာတို့၊ တောဆန်တာတို့ကို ဆိုလိုတာ မဟုတ်ပါဘူး။ ဇာတ်ကားတွေထဲမှာလည်း တွေ့ဖူးမှာပါ။ မင်းသမီးက ခပ်ပေါ့ပေါ့ပဲ အရာရာကို သဘောထားတာမျိုးလေးတွေပေါ့။ သူတို့စိတ်ထဲမှာ ဘာကိုမှ အလေးအနက်မထားဘူး။ ယောက်ျား၊ လိင်၊ ငွေကြေး၊ ဂုဏ်သိက္ခာ-စတာတွေကို ဘဝအတွက် အရေးမပါဘူးလို့ သတ်မှတ်ထားလေ့ရှိပါတယ်။ ဒါကလည်း အမျိုးသမီးတွေထဲမှာ ရှားတောင့်ရှားခဲ အမျိုးသမီးဖြစ်ပါတယ်။

၆။ ယုံကြည်မှုရှိသော အမျိုးသမီး

ဒီလို အမျိုးသမီးကျတော့ သူမကို သူမ သိပ်ပြီး ယုံကြည်လွန်းတတ်ပါတယ်။ အရာရာကို လုပ်နိုင်စွမ်းတယ်၊ သိတယ်၊ တတ်တယ်လို့ ထင်နေတတ်ပါတယ်။ ဘယ်သူ့ကိုမှလည်း အားကိုလိုစိတ်မရှိပါဘူး။သံယောဇဉ် အနှောင်အတွယ် မထားသလို မိမိဘ၀ သာယာရေးကိုပဲ ဦးစားပေးတတ်သူပါ။ အဲဒီအမျိုးသမီးကို စိတ်ဝင်စားသူတော့ ကံဆိုးဖို့များပါတယ်။ အကြောင်းမှာ သူတို့ဟာ အပျိုကြီးဖြစ်ဖို့ကံဇာတာပါသူများလို့ ဆိုနိုင်ပါတယ်။

၇။ အရမ်းကျော်စောလိုသော အမျိုးသမီး

သာမာန်မိန်းမတွေထက် ပိုပြီး ရည်မှန်းချက်ကြီးပါတယ်။ ကောင်လေးတွေကို လှေကားထစ်သဘောမျိုးနဲ့ တွဲပြီး သူ ရောက်ရှိလိုတဲ့ ထင်ပေါ်ကျော်ကြားလိုတဲ့ ဘဝကို ရောက်အောင် ကြိုးစားတတ်ပါတယ်။အချစ်ရေးကိစ္စကို သူ့အတွက် အဆင်ပြေမယ်ထင်တဲ့သူနဲ့ တွဲပါတယ်။ ဘယ်သူတွေနဲ့ အများဆုံး တူသလဲဆိုရင် သရုပ်ဆောင်မင်းသမီးတွေနဲ့ တူပါတယ်။ (မှတ်ချက်-နိုင်ငံခြားက သရုပ်ဆောင်မင်းသမီးများကိုသာ ဆိုလိုပါသည်။)

၈။ လွတ်လပ်ပြီး သွက်လက်သော အမျိုးသမီး

သူတို့ကို တစ်ချို့က ခေတ်မီလွန်းတယ်လို့ ထင်ကြပါတယ်။ အမှန်ကတော့ မည့်သည့်အရာနဲ့ပင်ဖြစ်စေသူတို့ဟာ လိုက်လျှောညီထွေ နေနိုင်စွမ်းခြင်းသာ ဖြစ်ပါတယ်။ ယောက်ျားလေးတွေနဲ့လည်း ခင်ခင်မင်မင် ရောရောထွေးထွေး နေတတ်ပြီး အချစ်ရေးနဲ့ပက်သက်ရင် အလေးအနက်ထားပါတယ်။ ဘဝရှေ့ရေးအတွက် ဘယ်လိုပုံစံပဲဖြစ်ဖြစ် စိတ်ချမ်းသာရင်ပြီးရောဆိုတဲ့ သဘောမျိုးသာ တွေးပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*