ကလေးငယ်နှစ်ယောက်နဲ့အတူ food delivery အလုပ်လုပ်ကိုင်နေရတဲ့ အသက် 19နှစ်အရွယ်သာရှိသေးတဲ့ မိခင်

မိခင်တစ်ယောက်ဖြစ်ရပြီဆိုကတည်းက ဘဝဟာထင်ထားသလောက်မလွယ်ကူတော့ပါဘူး ။ ကလေး 2ယောက်ကို ကျွေးမွေးစောင့်ရှောက်နေရတဲ့ single မိခင်တစ်ယောက်လည်းဖြစ်မယ် ၊ ပိုက်ဆံရှာဖို့ အပြင်အလုပ်လည်းလုပ်ရအုံးမယ်ဆိုရင်တော့ ဘယ်လောက်ခက်ခဲမလဲဆိုတာ ခန့်မှန်းကြည့်လို့ရမှာပါ ။

မကြာသေးခင်က Lada Koroleva အမည်ရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ဓာတ်ပုံဟာ social media ပေါ်မှာ အတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ် ။ ဓာတ်ပုံထဲမှာတော့ မြေအောက်မီးရထားစီးပြီး သူမရဲ့ကလေးငယ်နှစ်ယောက်နဲ့အတူ အစားအသောက်တွေ delivery ပို့နေရလို့ပါပဲ ။ Lada ဟာ သူမရဲ့ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်ကျခဲ့တဲ့အချိန်မှာတော့ ရုရှားနိုင်ငံ Rostov-on-Don မြို့မှာရှိတဲ့ သူမရဲ့မိဘတွေနဲ့ အဆက်အသွယ်မရှိတော့ပါဘူး ။

သူမရဲ့ခင်ပွန်းဖြစ်သူကလည်း အမြဲဂိမ်းဆော့ကစားနေတဲ့အတွက် သူမအလုပ်လုပ်နေချိန် ကလေးငယ်တွေကိုဖခင်ဖြစ်သူနဲ့အတူ မထားခဲ့ရဲလို့ သူမနဲ့အတူအမြဲခေါ်သွားနေရခြင်းဖြစ်ပါတယ် ။ ထို့အပြင် ခင်ပွန်းဖြစ်သူကလည်း ရုရှားစစ်တပ်အတွင်းသို့ဝင်ရောက်ရန်စီစဉ်ထားသူဖြစ်တဲ့အတွက် သေချာသလောက်ကတော့ ခင်ပွန်းဖြစ်သူက ကလေးတွေကိုထိန်းကျောင်းပေးဖို့ လုံးဝကိုအစီအစဉ်မရှိပါဘူး ။

 

Lada ဟာ သူမအသက် 17 နှစ်အချိန်မှာ သမီးကြီး Angelina ကိုမွေးဖွားခဲ့ပြီး ၊ သူမရဲ့အိမ်နီးချင်းတွေက သူမကို ‘ Courier Mama’ ဆိုပြီး လူသိများကြပါတယ် ။ ဘာလို့ဆို ကလေးကိုတွန်းလှည်းထဲထည့်ပြီး အစားအသောက်တွေလိုက်လံပို့ဆောင်နေလို့ပါပဲ ။ ထို့နောက် မကြာခင်မှာပဲ သူမဟာမော်စကိုမြို့သို့ပြောင်းရွှေ့ခဲ့ပြီး ရေပန်းစားနေတဲ့ဓာတ်ပုံထဲကလို့ အစားအသောက်ပို့တဲ့လုပ်ငန်းသာ ဆက်လက်လုပ်ကိုင်ခဲ့ပါတယ် ။

” ကျွန်မရဲ့သမီးတွေကို အရမ်းချစ်ပါတယ် ၊ delivery အလုပ်လုပ်ရတာက ကျွန်မကလေးတွေကို ထားခဲ့စရာမလိုလို့ပါပဲ ” ဆိုပြီး Lada ကပြောပြခဲ့ပါတယ် ။ သူမရဲ့အလုပ်ကနေ ကလေးတွေရဲ့သေးခံ ၊ ကလေးပစ္စည်းတွေကို ကူညီပေးတာမျိုး မကြာခဏလက်ခံရရှိခဲ့ပါသေးတယ် ။ လူအတော်များများကလည်း ခင်ပွန်းဖြစ်သူနှင့်လမ်းခွဲဖို့ တိုက်တွန်းခဲ့ကြတဲ့အပြင် သူမအခုချိန်မှာတော့ ခင်ပွန်းဖြစ်သူနှင့်လမ်းခွဲလိုက်ပြီဖြစ်ပြီး Covid-19 ကြောင့် တရားဝင်ကွာရှင်ဖို့ကို စောင့်ရအုံးမှာဖြစ်ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*