တရုတ် တွင် စည်းကမ်းမဲ့လမ်းဖြတ်ကူးသူများကို ရေဖျန်း၍ ဟန့်တားရန် ပြင်ဆင်

တရုတ်နိုင်ငံ မြို့ကြီးတချို့မှာ လမ်းသွားလမ်းလာတွေ စည်းကမ်းမဲ့ လမ်းဖြတ်ကူးတာကို ရပ်တန့်သွားအောင် ရေဖျန်းတာနဲ့ မျက်နှာကိုမှတ်သားတဲ့ နည်းပညာတွေသုံးပြီး ဟန့်တားဖို့ ပြင်ဆင်နေပါပြီ။

ဟူဘေးပြည်နယ်မှာတော့ လမ်းဘေးစင်္ကြံအစွန်းမှာ လေဆာရောင်ခြည်နဲ့ လှုပ်ရှားမှု အာရုံခံစက်တွေ တပ်ထားတဲ့ အဝါရောင်တိုင်တွေ ချထားလိုက်ပြီလို့ တရုတ်နိုင်ငံပိုင် စီစီတီဗွီ သတင်းဌာနက ဖော်ပြပါတယ်။

အဲဒီတိုင်တွေဟာ မီးနီဖြတ်ကူးမယ့် လူတွေကို ရေနဲ့ဖျန်းမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်းက ရှန်ဇန်မြို့မှာ ဧပြီ ၂၃ ရက်နေ့ကစပြီး စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို အလိုအလျောက် မှတ်ထားမယ့် ဉာဏ်ရည်တု ကင်မရာတွေ တပ်ထားတဲ့ စောင့်ကြည့်ရေးစက် ၄၀ ကို တပ်ဆင်နေပါတယ်။

ဘေကျင်းမြို့မှာတော့ လမ်းဖြတ်ကူးသူတွေကို အနီးနားမှာရှိတဲ့ ကင်မရာက စောင့်ကြည့်နေပြီး လမ်းစည်းကမ်း ချိုးဖောက်သူတွေကို အသံချဲ့စက်သုံး ကြေညာသွားမှာဖြစ်ပြီး ဖန်သားပြင်ကျယ်မှာလည်း ပြသသွားမယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*