COVID ရောဂါပိုး နှင့် လက်အိတ်စွပ်ခြင်းကိစ္စ (လက်အိပ်စွပ်တာ ကာကွယ်ရေးအတွက် ထိရောက်သလား)

ဒီအကြောင်း ရေးဖို့ ရည်ရွယ်ထားတာ ကြာပါပြီ ။ ပြည်သူလူထုထဲမှာ အသိအမှားကြီး ဝင်နေမှာစိုးလို့ပါ ။ COVID နဲ့ ထိတွေ့နိုင်တဲ့သူတွေမှာတော့ Level 2 PPE ဝတ်ရပါတယ် ။

အဲဒီအထဲမှာ လက်အိတ်ပါပါတယ် ဒါပေမယ့် တချို့က လက်အိတ်ကြီး စွတ်ထားရင်
ငါလုံခြုံပြီလို့ အထင်မှားနေကြပါတယ် ။ ပိုးက လက်အိတ် ဝတ်မထားလည်း လက်ထဲ ဖောက်မဝင်ပါဘူး။
ပိုးက လက်မှာကပ်နေပြီး နှာခေါင်းနှိုက် မျက်စိပွတ်မှ ကူးမှာပါ ။ အဲဒါကြောင့် လက်ကို ခဏခဏဆေးပါ ပြောတာပါ ။

ဒါကြောင့် လက်အိတ်ကြီးတော့ဝတ်ထားပါရဲ့ လက်အိတ်ကြီးနဲ့ ဟိုလျောက်ကိုင် ဒီ ေလျှာက်ကိုင်ပြီးရင် mask ကို လက်အိတ်ကြီးနဲ့ ဆွဲချ နှာခေါင်းနှိုက် မျက်စိပွတ်
လက်အိတ်ကြီးနဲ့ဆိုတော့ လက်လည်းမဆေးဖြစ် ပြီးရင် လက်အိတ်ကိုချွတ် အိတ်ထဲထည့်ပြီးရင် ပြန်စွတ် စိတ်ထဲမှာတော့ ငါ လက်အိတ်ဝတ်ထားတယ် ငါ့ကို ပိုးမကူးနိုင်ဘူးထင်ပြီး အဲဒါ ပိုအန္တရာယ် များပါတယ် ။
အဲဒါကြောင့် လက်အိတ်ဝတ်တာထက် နှာခေါင်းစည်းတပ်တာက ပိုကောင်းပါတယ်
တပ်တဲ့နေရာမှာလည်း ခဏခဏ လက်နဲ့မကိုင်ဖို့ မဖြုတ်ဖို့ ပိုအရေးကြီးပါတယ်

လက်ခဏခဏ ဆေးဖို့ ပိုအရေးကြီးပါတယ် ။ အပြင်ထွက်တဲ့အခါ Hand gel/spray ဗူးလေးတွေဆောင်တာ ပိုကောင်းပါတယ် ။

 

 

zaw gyi



ဒါကြောင့် လက်အိတ်ကြီးတော့ဝတ်ထားပါရဲ့ လက်အိတ်ကြီးနဲ့ ဟိုလျောက်ကိုင် ဒီ လျှောက်ကိုင်ပြီးရင် mask ကို လက်အိတ်ကြီးနဲ့ ဆွဲချ နှာခေါင်းနှိုက် မျက်စိပွတ်


မေတ္တာဖြင့်
Dr.ဇေယျာလင်း(နှလုံးအိမ်)

 

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*