ယခုလတ်တလော လူကြိုက်များနေတဲ့ ပေါင်မုန့် ဖြင့်ချက်လုပ်ထားသော ဘီယာ

ဥရောပနိုင်ငံတွေမှာ ဂျုံနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေကို အများဆုံးစားသုံးကြပြီး ဒီအထဲမှာ မှ ပေါင်မုန့်ကတော့ ဥရောပနိုင်ငံသားတို့ရဲ့ အဓိကအစားအစာလို့တောင် ဆိုရမှာပါ။ များပြားတိုးတက်လာတဲ့ လူဦးရေကြောင့် ပေါင်မုန့် ထုတ်လုပ်မှုတွေ များပြား လာကာ စားသုံးသူတွေအတွက် လောက်ငှတဲ့အပြင် ပိုလျှံလို့နေပါတယ်။

သြစတေးရီးယားနိုင်ငံမှာတော့ တစ်နှစ်ကို အလေအလွင့် ဖြစ်ခဲ့ရတဲ့ ပေါင်မုန့်အရေအတွက် ဟာ လူတစ်သန်းစားလို့ရတဲ့အထိတောင် ရှိပါတယ်။ ဒီလိုအလေအလွင့်ဖြစ်နေတဲ့ ပေါင်မုန့်တွေကို အလဟသ မဖြစ်စေဖို့အတွက် သြစတေးရီးယားမှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကတော့ ရက်လွန်ပေါင်မုန့် တွေကနေ ဘီယာအဖြစ်သို့ ပြောင်းလဲ ထုတ်လုပ်ခဲ့ပါတယ်။

ပေါင်မုန့်ကနေ ဘီယာအဖြစ်သို့ ပြောင်းလဲ ထုတ်လုပ်တာဟာ ရှေးခေတ် အီဂျစ် လူမျိုးတွေရဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ အရသာကတော့ သာမန်ဘီယာထက်အနည်းငယ်ကွဲပြားပြီး ထူးခြားတဲ့အရသာမျိုး ဖြစ်တယ်လို့ သိရပါတယ်။ ယခုလို ထုတ်လိုက်တဲ့ ပေါင်မုန့်ဘီယာကြောင့် စွန့်ပစ်အစားအစာတွေကနေ တခြားအစားအထိုးအစားအစာတွေ ထုတ်နိုင်တယ်ဆိုတာကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*