ကားဝပ်ရှော့မှာ အလုပ်ဝင်လုပ်နေတဲ့ စွန့်ပစ်ခံ ကြက်ဖလေး

ကယ်လိုဖိုးနီးယားပြည်နယ်မြောက်ဖက်ပိုင်းမှာရှိတဲ့ ကားဝပ်ရှော့တစ်ခုမှာ စွန့်ပစ်ခံထားရတဲ့ ကြက်ဖကြီးတစ်ကောင်ဟာ မမျှော်လင့်ပဲရောက်ရှိလာခဲ့ပြီးနောက် ၊ အဆိုပါကားဝပ်ရှော့အတွင်း၌သာ နေထိုင်နေလျက်ရှိနေပါတယ် ။

ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ 2018 ခုနှစ်က ကြက်ဖတစ်ကောင်ဟာ ကားဂိုဒေါင်စီသို့ရောက်ရှိလာခဲ့ပြီး အစပိုင်းမှာတော့ ကားဝပ်ရှော့မှ အလုပ်သမားများက ကြက်ဖကိုအစာအနည်းငယ်ကျွေးမွေးခဲ့ကြပြီး ကြက်ဖကပြန်ထွက်သွားမှာပဲလို့ တွေးထင်ခဲ့ကြတာပါ ။ ဆိုင်ကိုရက်အနည်းငယ်ပိတ်ခဲ့ကြပြီး နောက်တစ်ရက်အလုပ်ဆီသို့ လာခဲ့ချိန်မှာတော့ ကြက်ဖဟာအဆိုပါနေရာမှာရှိနေဆဲဖြစ်ပါတယ် ။

အနီးအနားရှိ သစ်ပင်တွေမှာ ကြက်ဖကြီးဟာ အိပ်နေခဲ့ပြီး ၊ ရာသီဥတုဆိုးဝါးလွန်းတဲ့နေ့တွေမှာတော့ ကြက်ဖကြီးဟာ ကားဂိုဒေါင်အတွင်းမှာ ဝင်အိပ်နေခဲ့တာပါ ။

မနက်ခင်းတိုင်း အလုပ်ဆီသို့ရောက်ရှိလာတဲ့ဝန်ထမ်းတွေကို ကြက်ဖကြီးကအပြေးအလွှားသွားပြီး ကြိုဆိုလေ့ရှိတဲ့အပြင် ၊ ဆိုင်အနှံ့လှည့်ပတ်ကာ ပိုးမွှားအကောင်ငယ်လေးတွေကို လိုက်လံရှာဖွေပေးခဲ့ပါတယ် ။ ပစ္စည်းထဲ့တဲ့သေတ္တာတွေ ၊ ခုံရှည်တွေရဲ့ အောက်ခြေအထိလိုက်လံကြည့်ရှုပြီး ပင့်ကူတွေရှိ ၊ မရှိ လိုက်လံရှာဖွေပေးလေ့ရှိကြောင်းကိုလည်း ဆိုင်ပိုင်ရှင်ကပြောပြခဲ့ပါတယ် ။ ယခုချိန်မှာတော့ ကြက်ဖကြီးရဲ့နာမည်ကို Earl လို့ပေးပြီး မှည့်ခေါ်ထားလျက်ရှိပါတယ် ။

Earl ဟာ ကားဝပ်ရှော့အတွင်း လဲအိပ်နေလေ့ရှိပြီး တစ်ခါတစ်လေ တံခါးပေါက်ရှေ့မှာအိပ်နေခဲ့ကာ လူအများကဖြတ်သွားဖြတ်လာ လုပ်နေခဲ့ပြီး ၊ ကားသံတွေနဲ့ ဆူညံနေခဲ့ပေမဲ့ Earl ကတော့ လုံးဝဂရုမစိုက်ခဲ့ပါဘူး ။

ယခုအချိန်မှာ Earl ကို လူအတော်အများက သိရှိလာကြပြီး အချို့တွေဆိုရင် ပြင်ပြီးသားကားလာယူတဲ့အချိန်တိုင်း မိသားစုဝင်တွေကိုခေါ်လာကာ Earl လေးကို လာရောက်ကြည့်ရှုကြလို့ ကားဝပ်ရှော့ဆိုင်မှာ customer တွေ အတော်လေးများလာလျက်ရှိပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*