မှန်တံတားရဲ့အောက်ဖက် ချောက်နက်ထဲမှာ အရဲစွန့်ပြီးမင်္ဂလာဓာတ်ပုံရိုက်ခဲ့ကြတဲ့စုံတွဲ

ဘဝရဲ့အပျော်ရွှင်ရဆုံးနေ့ရက်မှာ ဘယ်သူကမှအသက်ကိုအရဲစွန့်ပြီး ဓာတ်ပုံမရိုက်ချင်ကြပါဘူး ။ သို့ပေမဲ့လည်း တရုတ်နိုင်ငံက စုံတွဲတစ်တွဲကတော့ မှန်တံတားရဲ့အောက်ဖက်မှာ ကြိုးလေးနဲ့တွဲလောင်းချည်ပြီး လေထဲမှာမင်္ဂလာဓာတ်ပုံရိုက်ကူးခဲ့ကြပါတယ် ။

မြေပြင်ရဲ့အထက် 590 ပေမြင့်မားပေမဲ့ အဆိုပါစုံတွဲကတော့ အပြုံးမပျက်ဘဲမင်္ဂလာဓာတ်ပုံရိုက်နေခဲ့ကြတာပါ ။ မှန်တံတားတွေဟာ တရုတ်နိုင်ငံရဲ့နေရာအတော်များများမှာ ရှိနေပြီဖြစ်ပြီး ၊ သွားရောက်လှည်ပတ်ကြတဲ့ ရေပန်းစားလွန်းတဲ့နေရာတွေအဖြစ်လည်း ရှိနေပါတယ် ။

လွန်ခဲ့တဲ့ ရက်အနည်းငယ်အကြာတုန်ကလည်း စုံတွဲတွေဟာ အဆိုပါတံတားပေါ်မှာတင် Pre-wedding ဓာတ်ပုံများ လာရောက်ရိုက်ကူးခဲ့ကြပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့အမှတ်တရမျိုးစုံ ဖန်တီးခဲ့ကြကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*